Dreams kill...

2.3K 141 4
                                    

Unicode

ငိုရတာမောမောနဲ့ ဘယ်လောက်အိပ်ပျော်သွားတယ်မသိဘူး။ ထမင်းစားဖို့ မေကြီးလာနှိုးမှပဲ ထဖြစ်တော့တယ်။ မျက်လုံးတွေ ဖောင်းနေမလား မေကြီးမြင်သွားမလားဆိုပြီး ကမန်းကတန်းမှန်ထကြည့်ရတယ်။ အိပ်လိုက်တော့ မျက်လုံးအယောင်ကျသွားတာ တော်သေးတယ်။ ငိုထားတာသိရင် စိတ်မကောင်းဖြစ်ကြဦးမယ်။ ရေအရင်ချိုးလိုက်ပြီး ထမင်းအတူသွားစားလိုက်တယ်။ ဖေကြီးတို့ကိုတော့ ပြောပြဖို့အစီအစဥ်မရှိသေးဘူး။ အစ်ကို့ကိုလည်း သွားမပြောဖို့မှာထားရဦးမယ်။ ထမင်းစားပြီးတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် မေကြီးတို့နဲ့ TV သွားကြည့်နေလိုက်တယ်။ ကြည့်ပြီးတော့ တစ်ခါတည်း ဘုရားရှိခိုးလိုက်တယ်။ အခန်းထဲပြန်ရောက်တော့ ဖုန်းထဲမှာ အစ်ကိုခေါ်ထားတဲ့ missed call တွေ မနည်းဘူး။ ကဲကဲလည်း ခေါ်ထားတယ်။ မသိတဲ့ဖုန်းနံပါတ်တစ်ခုနှစ်ခုလည်းပါတယ်။ ကြည့်နေတုန်းပဲရှိသေး အစ်ကို့ဆီက ဖုန်းထပ်ဝင်လာတယ်။

"Hello"

"Hello အမရာဖုန်းမကိုင်လို့စိတ်ပူနေတာ အစ်ကို့ကိုထားသွားပြီလားလို့"

"အာ အမရာအိမ်ရှေ့ရောက်နေလို့"

"အင်းပါ ခုနကဘာလုပ်နေတာလဲ"

"မေကြီးတို့နဲ့ TV ကြည့်တယ် ဘုရားရှိခိုးတယ်"

"အင်း ညနေကရော"

"ရေချိုးတယ် ထမင်းစားတယ်"

"ပြန်ရောက်သွားတုန်းကရော"

"အိပ်ပျော်သွားတာ ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး အဖွားပြောတာတွေစိတ်ထဲမထားနဲ့နော် ငိုထားသေးလား"

"မငိုပါဘူး"

"သေချာလား"

"အင်း"

"အဲ့ဒါဆို video call ပြောမယ် အခုဖုန်းချပြီ ခေါ်ရင်ကိုင်နော်"

"ဟုတ်"

ပြောရင်တာပြောပြီး ဖုန်းချသွားတဲ့ အစ်ကိုပါ။ အခုရက်ပိုင်း အဲ့လိုဖြစ်နေတာ အဖွားကြောင့်ကိုး။ အဖွားက ငယ်တယ်ထင်ရပေမယ့် ရှေးလူကြီးဆိုတော့ အတ္တကြီးမယ့်ပုံပဲ။ မာနတွေဆိုတာ အဖွားမျက်နှာမှာတင် မြင်နေရတာ။ ပြုံးနေပေမယ့် ချေမိုးနေတာ။ အခုထိ မျက်လုံးထဲမြင်ယောင်နေတုန်း။

My Crush is in LOVE with ME!Where stories live. Discover now