Unicode
ကျန်တဲ့စာမေးပွဲရက်တွေလည်း သူလာစောင့်ပေးတယ်။ သူ့စာမေးပွဲက မနက်ပိုင်းတင်ပြီးသွားတာကို ပြန်ခိုင်းတာလည်း မပြန်ဘဲပေတေနေတာ။ ပြောမရတော့လည်းထားလိုက်တော့တယ်။ စာမေးပွဲရက်တွေဆို သူရော ကိုယ်ရော အိမ်ပြန်ရောက်တာနဲ့နားပြီး စာတန်းကြည့်ရတာ လိုင်းပေါ်မှာတောင် စကားသိပ်မပြောဖြစ်ဘူး။ သူ့ဆီက Good night တို့ Good morning တို့လို စာတိုလေးတွေတော့ အချိန်မှန် ရောက်တတ်တယ်။ ဒီနေ့စာမေးပွဲနောက်ဆုံးနေ့။ ကျောင်းရောက်တည်းက သူ့ကိုမတွေ့သေးဘူး။ အရင်ရက်ကဆို ပင်လုံဆောင်ရှေ့ ကားပါကင်မှာရပ်စောင့်နေတတ်တဲ့သူက ဒီနေ့အစအနေတောင်ရှာမတွေ့။ ပင်လုံဆောင်ထဲက ခုံတန်းတွေမှာလည်းမရှိဘူး။ ချစ်သူလမ်းကြားမှာလည်း မတွေ့ဘူး။ အာစီနောက်ကခုံတန်းတွေမှာလည်း မဟုတ်ဘူး။ Minor ဖြေရတဲ့ရက်မတူဘူးထင်ပါ့။ မနက်က Good morning ဆိုတဲ့စာလေးကို ကြည့်ပြီး ပင်လုံဆောင်ရှေ့ထိုင်နေမိတယ်။ သူငယ်ချင်းတွေလည်းမရောက်သေးတော့ စောင့်လိုက်ဦးမယ်။ ဒီရက်ပိုင်း အိမ်မှာထမင်းမစားချင်တာနဲ့ ကျောင်းရောက်မှ သူဝယ်လာပေးတဲ့ ပဲနို့တို့ Milo တို့ပဲ သောက်ဖြစ်နေတာ။ မုန့်ကတော့ ဘယ်လိုမှမစားနိုင်ဘူး။ အကျင့်ဖြစ်နေတော့လည်း ဖျက်ရခက်သား။ ဒီနေ့တော့ ဘာမှစားဖြစ်တော့မယ် မထင်ဘူး။ စာပို့လိုက်ရင်ကောင်းမလား စဥ်းစားမိပေမယ့် သူမှလိုင်းပေါ်မှာမရှိတာ။ ထားပါတော့လေ။ စာနည်းနည်းကြည့်လိုက်ဦးမယ်။ နားကြပ်လေးတပ် စာကြည့်နေတုန်း စာအုပ်နဲ့ ကိုယ်ကြားရောက်လာတဲ့ Milo ဘူးလေး။ မော့ကြည့်လိုက်တော့ ချွေးတွေနဲ့သူ့မျက်နှာ။ သူလည်း ဒီနေ့ စာမေးပွဲဖြေရတာလား။ Minor ဖြေတဲ့ရက် မတူလောက်ဘူးထင်တာ။ Milo ဘူးလေး ဆွဲယူတော့ ပြန်ယူသွားပြီး ပိုက်တပ်ပြီးမှ ပြန်ပေးတယ်။ အစ်ကိုပဲ ယူလိုက်တော့ အမှတ်ပြည့်။
"စာတွေရပြီလား"
"ဟုတ် အစ်ကိုရောဖြေနိုင်လား"
"ဖြေနိုင်ပါတယ် ဒီနေ့နည်းနည်းနောက်ကျသွားတာ sorry"
"ရပါတယ် အရင်ရက်တွေက စာမေးပွဲခန်းထဲက အစောကြီးထွက်လာတာလား"
"အင်း"
အဲ့ အင်း ကတိုးတိုးလေး။ ခေါင်းလေးစောင်း လည်တိုင်ကိုပွတ်ရင်းနဲ့ဖြေတယ်။ ဒါအစ်ကိုရှက်ရင်လုပ်နေကျပဲ။ သူကအခုချိန်ထိ ရှေ့တည့်တည့်မှာရပ်နေတုန်း။
BINABASA MO ANG
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...