U know?

3.3K 217 13
                                    

Unicode

တော်သေးတယ်လို့ပဲပြောရမယ်။ စာမေးပွဲဖြေနေတုန်း စာထဲပဲအာရုံရှိလို့။ စာမေးပွဲခန်းထဲကထွက်တော့မှ သူပေးလိုက်တဲ့လက်ဆောင်ကိုသတိရတယ်။ သူငယ်ချင်းတွေနဲ့အောက်ထပ်ကိုဆင်းရင်း ဖွင့်ကြည့်မိ‌တော့ ဆေးဘူးလေး။ ပါကင်ကိုမှ အပေါ်ကစာရွက်အလှနဲ့ထပ်ထုတ်ထားတာ။ စာရွက်လေးပြဲသွားမှာစိုးလို့တောင် သေချာဖွင့်ရတယ်။ ‌ဆေးက မျက်စိဆေး။ သောက်ဆေးဖြစ်မယ်နဲ့တူတယ်။ ဘူးခွံကအညွှန်းစာကိုဖတ်နေတာ သူငယ်ချင်းက လှေကားဆင်းဖို့ဆွဲခေါ်ရတယ်။ အောက်ထပ်ရောက်တော့ ဗိုက်ဆာတယ် ကန်တင်းသွားမယ် ဘာညာပြောကြဆိုကြတာနဲ့ စုက လက်တို့မှ သူ့ကိုတွေ့တယ်။ သူကပင်လုံဆောင်ရှေ့ကခုံတန်းမှာ ထိုင်နေတာရယ်။ သူ့အနားက သူ့သူငယ်ချင်းနဲ့တူတယ်။ သူ့မျက်နှာက တစ်ခုခုကိုစိတ်ဆိုးနေသလိုပဲ။ တည်တင်းနေတာပဲ။ ဘောလုံးမှန်တဲ့နေ့ကလိုပဲ မျက်မှောင်ကကြုံ့ထားသေးတယ်။ သူငယ်ချင်းတွေလည်း မစောင့်တော့ဘူး သွားနှင့်ပြီဆိုပြီး ထားသွားကြတယ်။ သူ့သူငယ်ချင်းလည်း ထွက်သွားပြီ။ ဘာလို့ဒီငှက်စိတ်ဆိုးနဲ့ တူတဲ့လူကြီးနဲ့ထားခဲ့ကြတာလဲ။ သနားစရာကလေးငယ်လေးကို တစ်ယောက်လောက်ခေါ်ထုတ်ပေးပါဦး။

"ဗိုက်ဆာနေတာလား"

မေးတဲ့အသံက စိတ်တိုနေတာလား စိတ်အလိုမကျတာလားတစ်ခုခုပဲ။ နည်းနည်းတောင်လန့်သွားတယ်။

"ဟုတ်"

"မနက်ကဘာမှမစားလာဘူးလား"

"စားလာပါတယ်"

"ဘာစားလဲ"

"နွားနို့နဲ့ဘီစကစ်"

ဪ ဒီလူကြီးနဲ့တော့ ကိုယ့်ဘာသာဗိုက်ဆာတာ မနက်စာစားတာကအစ ပြောပြနေရတာမဟုတ်သေးပါဘူး။ ကောင်းကောင်းမွန်မွန်မေးတာဆိုလည်းဟုတ်သေး။ အခုက ရုပ်တည်တာထက်ပိုတဲ့ရုပ်ကြီးနဲ့။

"နေ့လည်စာ ထမင်းမစားလာဘူးလား"

"ဟုတ်"

"လာ... သွားမယ်"

"ရှင်"

ပြောလည်းပြော ချာခနဲလှည့်ထွက်သွားတော့ လူကအူကြောင်ကြောင်ဖြစ်သွားတာ။ ဘယ်သွားမယ်မှန်းလဲမသိ သူကလည်းရုပ်တည်ကြီးနဲ့ ပင်လုံဆောင်ရှေ့မှာကျောင်းသားကလည်း ကုန်သလောက်ဖြစ်နေပြီဆိုတော့ ကြောက်လည်းကြောက်မိတာ။

My Crush is in LOVE with ME!Hikayelerin yaşadığı yer. Şimdi keşfedin