Till my last breath...

3.3K 208 12
                                    

Unicode

မနက်ရောက်တော့ အစ်ကို့ဆီက စာတွေရောက်နေတာတွေ့တယ်။ Message ကရော Messenger ကရော။ သူဘုရားသွားပြီဆိုတဲ့အကြောင်း အိမ်ပြန်ရောက်ပြီဆိုတဲ့အကြောင်းရယ် ဘုရားပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေရယ်။ အစ်ကို့ပုံလည်းပါတယ်။ အစ်ကို့မိသားစုပုံလည်းပါတယ်။ မနက်စောစော ရွှေတိဂုံဘုရားကြီး သပ္ပာယ်နေတာကိုရိုက်ထားတာရော ဘုရားရင်ပြင်ကနေမြင်ရတဲ့ ရန်ကုန်မြို့ကြီးကို အပေါ်စီးကနေ ရိုက်ထားတာရော။ ကိုယ်လည်း react လေးတွေပေးပြီး နိုးကြောင်းစာပို့ထားလိုက်တယ်။ ရေမိုးချိုး မနက်စာစားပြီးကြည့်လိုက်တော့ အစ်ကိုစာပို့ထားတယ်။

"ဘာတွေလုပ်နေလဲ"

"ဘာမှမလုပ်ဘူး အခုပဲမနက်စာစားပြီးတာ အစ်ကိုရော"

"အစ်ကိုက ပါတီအတွက် စျေးသွားဝယ်လိုက်ဦးမယ်"

"ဘာကျွေးမှာလဲ အိမ်မှာပဲချက်မှာလား"

"အင်း အမရာဘာစားချင်လဲ"

"ဘာဖြစ်ဖြစ်ရတယ်"

"အမဲသားစားလား"

"အင်း စားပါတယ်"

"သိုးသားရော?"

"အာ့တော့ မစားဖူးဘူး ဒါနဲ့လေ အစ်ကိုချက်မှာလား"

"မဟုတ်ဘူး စားဖိုမှူးခေါ်ထားတယ် ဘာလို့လဲ"

"အစ်ကိုကစျေးသွားဝယ်မယ်ဆိုလို့လေ"

"ဪ အစ်ကိုချက်တာစားချင်လား"

"ချက်တတ်လို့လား"

"အထင်သေးလိုက်တာကွာ ဘာစားချင်လဲပြော အကုန်ချက်ကျွေးမယ်"

"အာ့ဆို အရင်တစ်ခါကစားသလို spaghetti စားချင်တယ်"

"ပုစွန်စားလား ပင်လယ်စာရော? မတည့်မှာစိုးလို့"

"ပင်လယ်စာဆိုလို့ ပုစွန်နဲ့ ဂဏန်းပဲစားဖူးတာ မတည့်တာတော့မဟုတ်ပေမယ့် အများကြီးစားမိရင်‌တော့ ယားတတ်တယ်"

"ဟုတ်ပြီ အဲ့ဒါဆိုဝက်သားနဲ့ပဲချက်လိုက်မယ်"

"တကယ်ချက်တတ်လို့လား"

"ညနေကျမှကြည့် ဟုတ်ပြီလား"

"ဒါနဲ့လေ ဖိတ်ထားတဲ့လူများလား"

My Crush is in LOVE with ME!Unde poveștirile trăiesc. Descoperă acum