Love you!

2.7K 162 5
                                    

Unicode

တစ်နေကုန်မေကြီးနဲ့လိုက်ပြီး သင်္ကြန်အတွက်ရိက္ခာစုရတာ အိမ်လည်းပြန်ရောက်ရော တစ်ယောက်မှ တုတ်တုတ်မလှုပ်နိုင်တော့ဘူး။ တခြားလူတွေလည်း ကိုယ်တွေလိုပဲဆိုတော့ စျေးမှာကျိတ်ကျိတ်တိုး။ လူက ပူအိုက်ပြီးတော့ နှာခေါင်းသွေးတောင်လျှံချင်တယ်။ သို့သော်ငြားလည်း လက်ကိုင်ပုဝါကမ်းပေးမယ့်သူမရှိတော့ လျှံမယ့်သွေးတွေ ထိန်းထားရတယ်။ ဆန်တို့ ဆီတို့ ကြက်သွန်တို့ကတော့ အရင်ကတည်းက အိတ်လိုက် ဝယ်နေကျဆိုတော့ ကိစ္စမရှိပေမယ့် အသားငါးတို့ ဟင်းသီးဟင်းရွက်တို့ကျ သွားဝယ်ထားရတယ်။ Ocean တို့ CityMart တို့က ဝယ်မယ်ဆိုတော့လည်း မေကြီးက မတန်ဘူးဆိုပြီး စျေးမှာပဲဝယ်တယ်။ ညနေကျမှ ရေမိုးချိုးပြီး ဖုန်းကိုင်မိတယ်။ Social media တွေက noti တွေရယ် အစ်ကို့ဆီက စာနည်းနည်းရယ်တွေ့တယ်။ မနေ့ညက ဖုန်းပြောတုန်းက ဒီနေ့အပြင်သွားမယ့်အကြောင်းပြောထားတော့ ဖုန်းမဆက်ဘူး။ သူသတိရ‌ကြောင်း စာနည်းနည်းတော့ပို့ထားတယ်။

"Hello အမရာ"

ဖုန်းခေါ်တာနဲ့ ချက်ချင်းကိုင်တတ်တာ အစ်ကို့အကျင့်တစ်ခု။

"ဟုတ်"

"ပြန်ရောက်ပြီလား"

"ပြန်ရောက်တာနည်းနည်းတော့ကြာပြီ ခုနကနားနေလို့"

"ဟုတ်ပါပြီ ဘာတွေဝယ်ခဲ့လဲ"

"အစုံပါပဲ"

"အစ်ကိုရော ဒီနေ့ဘာတွေလုပ်လဲ"

"စာဖတ်တယ် အမရာ့ကိုလွမ်းတယ် အမရာဆော့တဲ့ဂိမ်းလိုက်ဆော့ကြည့်တာပဲ မဆော့တတ်ဘူး"

"အာ ဂိမ်းမဆော့ပါနဲ့ စွဲတယ် အမရာတောင် မနည်းဖြတ်နေရတယ်"

"ကောင်းပါပြီဗျ"

"..."

"အမရာသိလား အစ်ကိုစွဲလန်းနေတာ တစ်ခုတော့ရှိတယ်"

"ဘာလဲ"

"အမရာ"

"အမ် အာ... အာ့အမရာ့စကားကြီး"

"အမရာ့စကားလည်း အစ်ကို့စကားပဲပေါ့"

"ပြီးရောလေ"

"..."

"အာ့ဆိုဖုန်းချလိုက်တော့မယ်လေ"

"ဟုတ်ပါပြီဗျ အမရာ"

My Crush is in LOVE with ME!Où les histoires vivent. Découvrez maintenant