Surprise!

2.8K 156 0
                                    

Unicode

"အမရာ ဘယ်သွားချင်လဲ"

"ဗိုက်ဝမယ့်ဟာ တစ်ခုခုစားလို့ရမယ့်ဆိုင်"

"မနက်စာမစားခဲ့ရဘူးလား"

"အင်း"

ပြီးတော့ ဘာမှဆက်မပြောဖြစ်တော့ဘူး။ စားသောက်ဆိုင်တစ်ဆိုင်ကို ‌ခေါ်သွားတယ်။ ဆိုင်အပြင်အဆင်က လှတယ်လို့ပြောရမယ်။ အစားအသောက်တွေလည်း အရသာရှိပါတယ်။ သူနဲ့ကိုယ့်ကြား အေးတိအေးစက် ရာသီဥတုကြီးကိုပဲ မကြိုက်တာ။ တခြားဝိုင်းတွေနဲ့ယှဥ်ရင် အမရာတို့ဝိုင်းတစ်ခုထဲ အအေးလှိုင်းဖြတ်နေသလိုပဲ။

"အမရာ ဘယ်တုန်းကပြန်ရောက်လဲ"

"မနေ့ညက"

"ဪ အဲ့ဒါကြောင့် ကိုယ်မသိတာ"

"ကိုခန့်က အိမ်ကိုဘာလာလုပ်တာလဲ"

"ဦးလေးဆီလာတာ အရင်နှစ်လောက်က ဆေးခန်းမှာတွေ့တာနဲ့ လတိုင်းနီးပါး လာဖြစ်တာ"

"ဪ"

ဖေကြီးလည်း ပင်စင်ယူရတဲ့ အရွယ်ရောက်နေပြီဆိုတော့ ဆီးချိုဖြစ်တာမဆန်းပါဘူး။ လတိုင်းဆေးခန်းပြရတယ်လို့တော့ပြောတယ်။ ကိုယ်လည်းအဝေးကနေပဲ ဂရုစိုက်နိုင်တာ စိတ်မကောင်းဘူး။

"ကိုယ်အလုပ်လုပ်နေတဲ့ ဆေးခန်းဆိုတော့ booking တင်ရတာလွယ်တယ်လေ"

"ဪ ကျေးဇူးပါ အမရာမရှိတုန်း ဖေကြီးကို စောင့်ရှောက်ပေးထားလို့"

"ရပါတယ် မလိုပါဘူး"

ပြန်တိတ်သွားပြန်ပြီ။ မသိရင် မတွဲခင်ကအခြေအနေကြီးနဲ့တူနေတယ်။ နေရခက်နေတဲ့ပုံပေါက်ပေမယ့် သူပျော်နေတယ်ဆိုတာက မျက်လုံးမှာအထင်းသား။

"အမရာ ပြုံးလိုက်တာလား"

"ဟင် ဟုတ်လား"

သူ့ကိုကြည့်နေရင်း ပြုံးလိုက်မိတာလား။ သွားပြီ အမရာ။ နင်တော့ရူးနေပြီ။ ဘယ်လောက်ပဲချစ်ချစ် တစ်ခုလပ်ကြီးနဲ့တော့ မယူပါနဲ့။ စဥ်းစားရင်း ရယ်ချလိုက်မိတယ်။ သူလည်းကိုယ့်ကိုကြည့်ပြီး လိုက်ရယ်တယ်။ နှစ်ယောက်လုံးလွတ်လွတ်လပ်လပ်ရယ်မိကြတယ်။ ဒီလိုမရယ်ရတာတောင် ကြာပြီပဲ။ အခုမှ ပေါ့ပေါ့ပါးပါးပြန်ဖြစ်သွားတယ်။ နှစ်ယောက်သား ရယ်တာအရှိန်သတ်ပြီး ဆိုင်ထဲကထွက်လာခဲ့ကြတယ်။ မဟုတ်လည်း လူတွေဝိုင်းကြည့်နေကြပြီ။

My Crush is in LOVE with ME!Место, где живут истории. Откройте их для себя