Unicode
ကျောင်းပိတ်တာသုံးရက်ပဲရှိသေးတယ် အရမ်းတွေပျင်းနေပြီ။ သင်တန်းတွေကလည်း နောက်လမှဆိုတော့ အိမ်မှာ အိပ်လိုက်စားလိုက် စာဖတ်လိုက် ဂိမ်းဆော့လိုက်နဲ့ အမရာတို့သာယာချက်ပဲ။ ညဘက်တွေဆို အစ်ကိုနဲ့စကားပြောဖြစ်တယ်။ ဒီသုံးရက်အတွင်း အစ်ကို့အကြောင်းပိုသိလာတယ်။ အစ်ကို့မိဘတွေက စီးပွားရေးလုပ်ငန်းရှင်တွေ။ လုပ်ငန်းကတော့ အစုံပဲလို့ပြောတယ်။ အတိအကျမသိရဘူး။ အစ်ကို့မှာ အစ်ကိုတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်။ အစ်ကိုကြီးက အိမ်ထောင်ကျပြီး နယူးဇီလန်မှာနေတယ်တဲ့။ ညီမလေးကတော့ အထက်တန်းတက်နေတုန်းတဲ့။ အစ်ကိုက အပြင်က basketball club တစ်ခုမှာလည်း ဆော့တယ်။ အားကစားသမားမို့လို့ စားချိန်အိပ်ချိန်မှန်တယ်။ ဘုရားတရားလည်းလုပ်တယ်။ Social media လည်း ကောင်းကောင်းသုံးတတ်တယ်။ အပြင်မှာတော့ သူငယ်ချင်းများပေမယ့် social media ပေါ်မှာ မျက်စိနောက်စရာမတွေ့ရဘူး။ Popping တွေမလုပ်ဘူး။ တည်တည်တံ့တံ့နေတတ်ပြီး ရင့်ကျက်တဲ့ပုံပေါက်တယ်။ အမရာနဲ့စကားပြောရင် တစ်ခါတစ်လေ ထထဖောက်တတ်တာမျိုးကလွဲလို့။ ခဏနေ အစ်ကိုစကားလာပြောတော့မယ်။ အစ်ကိုနဲ့စကားမပြောခင် ဘုရားရှိခိုးတာလည်း ပုံမှန်ဖြစ်နေပြီ။ ဒီလိုအချိန်ဆို အစ်ကိုစကားလာပြောမှာကို စောင့်နေမိတာ အော်တိုငုတ်တုတ်။
"Hi ဘုရားရှိခိုးပြီးပြီလား"
"ဟုတ် အစ်ကိုရော"
"ပြီးပြီ ဒီညဂိမ်းတစ်ခုဆော့ရအောင်"
"ဘာဂိမ်းလဲ"
"အစ်ကိုကရွေးစရာနှစ်ခုပေးမယ် ညီမကတစ်ခုရွေးပေး"
"ဟုတ်"
ပြန်မေးလို့ရလားလို့လည်း မေးချင်တယ်။ သူ့ကိုစိတ်ဝင်စားနေပြီထင်မှာလည်း စိုးတယ်။ စိတ်တော့ဝင်စားပေမယ့် အရမ်းကြီးအရောတဝင်မလုပ်ချင်သေးဘူးရယ်။ အခုမှ စောင့်ကြည့်ကာလပဲရှိသေးတာကို။
"စမေးမယ်နော်"
"ဟုတ်"
"အဖြူနဲ့ အနက်"
"အဖြူ"
"အနီနဲ့ အပြာ"
"အပြာ"
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...