Honeymoon 🍯🌕❤️

4.7K 106 4
                                    

Unicode

"ဟူး"

ဟိုတယ်ခန်းထဲရောက်တာနဲ့ အထုပ်တွေပစ်ချပြီး ကုတင်ပေါ်ပြေးမှောက်တော့တာပဲ။

"အမရာ ပင်ပန်းနေပြီလား"

"ဟုတ်..."
သူ့နားသွားထိုင်လိုက်တော့ ရင်ဘတ်ထဲ တိုးဝင်လာရင်း အသံရှည်ဆွဲပြီး ဖြေလာတယ်။ လေယာဥ်အဆင့်ဆင့်စီးလာခဲ့ရတော့ ပင်ပန်းမှာပေါ့။ မနေ့ကလည်း လေယာဥ်ပြောင်းစီးဖို့စောင့်နေရတာ တစ်နေကုန်သွားတယ်။ ဒီကိုရောက်တော့ လေယာဥ်ပေါ်က ဆင်းဖို့ မနည်းနှိုးရတယ်။

"အိပ်ရင်ပြန်အိပ်လိုက်လေ"

"အင်း..."

အခုမှ မနက်သုံးနာရီပဲရှိသေးတာ။ မနက်ကျ ခရီးသွားရဦးမှာဆိုတော့ ကိုယ့်အမျိုးသမီးလေး အိပ်ရေးဝနေမှဖြစ်မယ်။ အိပ်ရေးမဝရင် ဓာတ်ပုံထဲလှတော့မှာမဟုတ်ဘူး။

"ဖိနပ်ချွတ်ဦး"

ဖိနပ်ချွတ်ပါဆိုတာကို ကုတင်ပေါ်ဟိုဘက်လှိမ့်ဒီဘက်လှိမ့်နဲ့။ ခြေထောက်က တွဲလောင်းကျနေသေး။ ဒီကောင်မလေးကတော့။ ကိုယ်ပဲ ဖိနပ်တွေရော ခြေအိတ်တွေရော ချွတ်ပေးလိုက်တယ်။ ခဏနေတော့ အိပ်ပျော်သွားတယ်။ အထုပ်တွေနေရာချပြီးတော့ ငြီးစီစီကြီးဖြစ်နေတာနဲ့ ‌‌‌ရေချိုးပစ်လိုက်တယ်။ သူကတော့ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေပြီ။ သူ့အမေကတော့မှာလိုက်ပါတယ်။ "အငယ်လေးက အသက်သာကြီးလာတာ ကလေးစိတ်ပဲမို့သည်းခံပါ" တဲ့။ သည်းခံနေပါတယ်။ နှစ်ညရှိပြီ။ ဘယ်အချိန်ထိ သည်းခံနိုင်မလဲဆိုတာတော့ မသေချာဘူး။ သူ့မျက်နှာလေးကို ကြည့်နေရင်း မျက်ခွံတွေလေးလာတာနဲ့ အိပ်လိုက်တော့တယ်။

"တီ..တီ... တီ..တီ.."

Alarm မြည်သံကြောင့်နိုးလာရတယ်။ နိုးနိုးချင်းတွေ့လိုက်ရတာက ကိုယ့်အမျိုးသမီးလေး မျက်နှာကြည်ကြည်စင်စင်။ သူနဲ့ပဲစပြီး သူနဲ့ပဲဆုံးမယ့် နေ့ရက်တွေဆိုတဲ့အတွေးက ထပ်ရောက်လာပြန်တယ်။ ငယ်ငယ်က ဖွားဖွားသင်ပေးထားတာက အိပ်ရင်ပဲဖြစ်ဖြစ် နိုးရင်ပဲဖြစ်ဖြစ် သရဏံဂုံသုံးပါးနဲ့ အနန္တောအနန္တငါးပါးကို အာရုံပြုတဲ့။ အခုတော့ အမရာ့ဂုဏောဖြစ်နေပြီ။ တောင်းပန်ပါတယ်ဖွားဖွားရေ။

My Crush is in LOVE with ME!Dove le storie prendono vita. Scoprilo ora