Looking at the future with you at the present 💓

4.7K 100 4
                                    

Unicode

အရမ်းနာမည်ကြီးတဲ့နေရာကို လာရတာ မိုက်တော့မိုက်ပေမယ့် မနက်အစောကြီးထရတာတော့ သိပ်မမိုက်ဘူး။ ရှုခင်းတွေကတော့ တကယ်လှတယ်။ ဓာတ်ပုံရိုက်ရင် internet ပေါ်ကပုံအတိုင်း ရတယ်။ လူများမှာစိုးလို့ မနက်စောစောထရတဲ့အပြင် လမ်းကကြမ်းတော့ သိပ်အဆင်မပြေဘူး။ ကိုယ့်အမျိုးသမီးလေး ပင်ပန်းနေပြီလားလို့ကြည့်ရသေးတယ်။ ဒီခရီးကိုစီစဥ်တာကိုယ်ဆိုတော့ သူတစ်ခုခုဖြစ်သွားမှာ စိတ်ပူရတယ်။ သူကတော့ ဘာမှမဖြစ်ဘူးပြောတာပဲ။ Enervon-C တို့ ငါးကြီးဆီတို့သောက်ဖို့တောင် မနည်းပြောရတယ်။ ကိုယ်မတိုက်ရင် မသောက်တော့ဘူး။ ကိုယ့်အမျိုးသမီးလေးက တကယ့်အဆိုးအဆာလေး။ Kelingking Beach ကိုရောက်ဖို့ တစ်နာရီ‌လောက် ဆီးဖြူသီးစကောထဲလှိမ့်သလို ကားစီးလာရတယ်။ အိပ်ချင်ပေမယ့် ကိုယ့်အမျိုးသမီးလေး ကားပေါ်မှာ အိပ်နေရင်းပြုတ်ကျမှာစိုးလို့ ထိန်းထားရတယ်။ Kelingking ကိုရောက်သွားတော့လည်း လေတဖြူးဖြူးကြောင့် အမောပြေရပါတယ်။

"အစ်ကို ဟိုမှာကြည့် T-Rex ကြီး"

"အင်း"

"အဲ့ကျောက်ဆောင်ကြီးကြောင့်ပဲ ဒီနေရာကို T-Rex Beach လို့ ခေါ်တာလေ"

"ဪ..."

"အစ်ကို အောက်ဆင်းရအောင်"

"မဆင်းရပါဘူး ချော်ကျမယ်"

"ဟွန့်"

သူချော်ကျမှာစိုးလို့ကို နှာကမှုတ်လိုက်သေးတာ။

"မချော်ကျရင်တောင် အမရာ့ခြေထောက်တွေနာလိမ့်မယ်လေ အောက်မှာလည်းဘာမှမရှိဘူး လှိုင်းကလည်းမြင့်နေတာ"

"အင်းပါ အင်းပါ"

အင်းပါသာပြောတာ "ပိုကိုပိုတယ်" ဆိုပြီး ပွစိပွစိလုပ်နေသေးတာ။ တကယ်လည်း လှေကားက မတ်စောက်နေတာ။ လှေကားက သေချာအင်္ဂတေကိုင်ထားတာမျိုးမဟုတ်ဘူး။ အောက်ကိုရောက်ဖို့ ဘယ်လောက်ကြာအောင်ဆင်းရမယ်မှန်းမသိဘဲ။ ကိုယ်တိုင်လိုက်နေတာတောင် စိတ်မချရတဲ့ကြားထဲ။ နှုတ်ခမ်းစူသွားလို့ စိတ်ကောက်ပြေအောင် ဓာတ်ပုံတွေအများကြီးရိုက်ပေးလိုက်တယ်။ အကြာကြီးစိတ်မကောက်ရှာပါဘူး။ နောက်တစ်နေရာသွားဖို့ ကားပေါ်ရောက်တော့ ပုံတွေပြန်ကြည့်ရင်း ပြုံးပြုံးရွှင်ရွှင်ပြန်ဖြစ်သွားတယ်။

My Crush is in LOVE with ME!Where stories live. Discover now