Unicode
"ကိန္နရီလေးရေ ဖွားဖွားကြီးဆီလာပါဦး အမယ်လေး ကိုယ်လုံးကနင့်နေတာပဲ မြေးလေးက ဖွားဖွားကြီးကို ရယ်ပြတယ်ဟုတ်လား ဟုတ်လား"
အခုဆိုရင်တော့ အဖွားရဲ့ ကလေးမြှူနေသံကို ကြားရမှာဖြစ်ပါတယ်။ ကလေးဆိုတာ အိမ်ရဲ့ဆည်းလည်းလို့ ပြောကြတာပဲ။ လောလောဆယ်တော့ ဆည်းလည်းလေးဆီက ခိုးခိုးခစ်ခစ်ရယ်သံကလွဲလို့ ဘာမှမထွက်သေးဘူး။ လူကြီးတွေရဲ့ ချော့နေမြှူနေသံတွေပဲ ကြားနေရသေးတယ်။ အခုဆို ဆည်းလည်းလေးက ဖွားဖွားကြီး ကြည်ဖြူစေဖို့ လက်နက်ပုန်းတစ်ခု။ အမရာတို့ လက်ထပ်ပြီးတော့ အမရာတို့အိမ်မှာ အစ်ကိုလိုက်နေတာကို အဖွားက သိပ်ကျေနပ်တာမဟုတ်ဘူး။ စနေ တနင်္ဂနွေ ပုံမှန် သွားလည်ရင်တောင် အမရာ့ကို စကားပြန်ပြောချင်မှပြောတာ။ ကိန္နရီလေးရောက်လာမှပဲ ကြည်ဖြူတော့တယ်။ ကိန္နရီလေးတောင် နောက်နှစ်လလောက်ဆို တစ်နှစ်ပြည့်တော့မယ်။ အကုန်အေးအေးဆေးဆေးပဲ။ အန်တီနဲ့လည်း ပိုရင်းနှီးလာတယ်။ ဒီအိမ်ကို လာလည်ရင် အန်တီနဲ့အတူ ဟင်းတွေချက်ဖြစ်တယ်။ ကဲကဲကတော့ ပါဝါမျက်မှန်အထူကြီးနဲ့ သူ့ဆေးကျောင်းက စာအုပ်ပုံတွေကြားထဲ ခေါင်းစိုက်နေကျဆိုတော့ ကိုယ်တွေကို လာမကူနိုင်ဘူး။
"သမီး ဒီနေ့ကျောင်းမသွားရဘူးလား"
"ဟုတ် အမေ ဒီတစ်ပတ်တော့ အတန်းမရှိဘူး ဒီနေ့ဘာဟင်းချက်မလဲ"
"မသိသေးဘူး အကုန်လုံးတော့ ဝယ်ထားတယ် သမီးအဆင်ပြေတာချက်လေ"
"အဖွားကို မေးကြည့်လိုက်ဦးမယ်"
ဧည့်ခန်းထဲသွားကြည့်တော့ အဖွားရယ် အန်ကယ်ရယ် အစ်ကိုရယ် ကိန္နရီလေးကို ဝိုင်းမြှူနေကြတာ။ သမီးလေးက တခစ်ခစ်နဲ့ သဘောတွေကျလို့။ အစ်ကိုက ကိုယ့်ကိုမြင်တော့ သူ့နားမှာလာထိုင်ဖို့ လက်လှမ်းပြတယ်။
"ဖွားဖွား နေ့လည်စာဘာနဲ့စားချင်လဲ"
"ငါးခူဆီပြန်လေးစားချင်တယ် နော် မြေးလေးနော် မြေးလေးလည်း စားချင်တယ်မဟုတ်လား အေးပါ ဟုတ်ပြီ ဟုတ်ပြီ မေမေကငါးခူဆီပြန်ချက်ပေးလိမ့်မယ်"
ကိုယ့်ကိုဖြေသလိုလိုနဲ့ ကလေးကို သူပဲမေး သူပဲဖြေနေသော အဖွားရယ်ပါ။
BINABASA MO ANG
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...