Need u!

2.3K 149 4
                                    

Unicode

အစ်ကို့အားကိုးနဲ့ အစ်ကို့အဖွားကို မရှိသလို စိတ်ထဲကထုတ်ထားခဲ့တာ ကျောင်းတောင်ပြန်တက်ရတော့မယ်။ သင်တန်းတို့ ကျောင်းတို့ကို အစ်ကိုလိုက်ပို့ခါနီး လာကြိုခါနီးဆို တစ်ခုမဟုတ်တစ်ခုခိုင်းတာကလွဲလို့ပေါ့။ သင်တန်းဆင်းတော့ အစ်ကို့ဖုန်းနံပါတ်အစား မသိတဲ့ဖုန်းနံပါတ်တစ်ခုကဆက်လာတယ်။ ကိုင်လိုက်တော့ အဖွားဆီက။ ကော်ဖီဆိုင်တစ်ခုမှာ စောင့်နေမယ် လာတွေ့ပါတဲ့။ အစ်ကို့ဆီက "အဖွားသွားခိုင်းတာတစ်ခုရှိလို့ လာမကြိုနိုင်တာ တောင်းပန်ပါတယ်" ဆိုတဲ့စာလေးက ကိုယ့်ကိုအားပျက်စေတယ်။ မတတ်နိုင်ဘူး။ လူကြီးက ခေါ်တာဆိုတော့လည်း လာမယ်ဘေးပြေးတွေ့ရုံပေါ့။ ဘယ်လိုမှ အကောင်းမဟုတ်နိုင်တာတော့ သေချာတယ်။ ကော်ဖီဆိုင်ရောက်တော့ အဖွားက ကော်ဖီတစ်ခွက်နဲ့ အေးဆေးထိုင်နေတယ်။ အားတင်းထားပေမယ့် ကြောက်တာတော့ကြောက်တယ်။

"ဪ ရောက်လာပြီလား လာထိုင်လေ"

"ဟုတ်ကဲ့"

"ဘာသောက်ဦးမလဲ"

"မသောက်တော့ပါဘူး"

"ကျောင်းတွေတောင်ပြန်တက်ရတော့မယ်နော်"

"ဟုတ်ကဲ့"

"သားငယ်လေးနဲ့တွဲနေတာ ဘယ်သူတွေသိလဲ"

"ရှင် ဪ အိမ်ကမိသားစုရယ် သူငယ်ချင်းနည်းနည်းရယ်ပါ"

"ဘယ်လောက်နည်းလဲ"

"သူငယ်ချင်းလေးယောက်တည်းပါ"

"ကောင်းပြီ ကျောင်းမှာ ဟိုဟိုဒီဒီတွဲသွားတွဲလာလုပ်ပြီးမှ ပြတ်သွားရင် မင်းအတွက်မကောင်းဘဲနေမယ် အဲ့ဒါကြောင့် စောစောစီးစီး ရပ်တန်းကရပ်စေချင်တယ်"

"ဟုတ်ကဲ့ အမရာ စဥ်းစားလိုက်ပါ့မယ်"

"သားငယ်လေးကိုတော့ ဘွဲ့ရပြီးရင် သူ့အဖေကုမ္ပဏီကို ဦးစီးစေချင်တာ လုပ်ငန်းကနည်းနည်းကြီးတော့ နာမည်ပျက်မရှိစေချင်ဘူး အဖွားပြောချင်တာသိတယ်မဟုတ်လား"

ဪ အမရာက အစ်ကို့ကိုနာမည်ပျက်အောင် လုပ်မယ်ထင်နေတာလား။ အံ့ဩဖို့ကောင်းလိုက်တာ။ ဘာမှတော့ ထုတ်မပြောတော့ပါဘူး။ ဘယ်လောက်ထိတင်းခံနိုင်မလဲကြည့်ကြတာပေါ့။ တော်တော်လေးလွန်လာတော့ အမရာလည်း ဆက်သည်းခံဖို့စိတ်ကူးမရှိတော့ဘူး။

My Crush is in LOVE with ME!Tempat cerita menjadi hidup. Temukan sekarang