Unicode
ကားမောင်းသင်တန်းနှစ်ရက်က ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။ အပြင်သွားရလို့ဖြစ်မယ်။ အိမ်ကလူအကုန် အပြင်မှာမုန့်စားကြ စျေးဝယ်ကြနဲ့။ ညဘက်တွေတော့ အစ်ကိုနဲ့ စကားပြောဖြစ်ပါတယ်။ သူ့ basketball training က စနေ တနင်္ဂနွေမနားရဘူးပြောတယ်။ သူ့ပုံတူဆွဲနေတာတော့ ပြီးနေပြီ။ ဒီညအချောသတ်ပြီး မနက်ဖြန်သင်တန်းကအပြန် ဘောင်သွားခတ်ရမယ်။ ရေဆေးနဲ့ကတော့ YouTube နေကြည့်ပြီး စမ်းဆွဲကြည့်ရဦးမယ်။
"Hi အမရာဘာလုပ်နေလဲ"
"ပုံဆွဲနေတာ"
"ဆွဲလို့ပြီးတော့မှာလား"
"အင်း ပြီးတော့မှာ ဘာလို့လဲ"
"ကြိုကြည့်ထားချင်လို့"
"မပြပါဘူးနော် မွေးနေ့မှယူ"
"ကောင်းပါပြီဗျ"
"မွေးနေ့ကျ ဘာတွေလုပ်ဖို့ရှိလဲ"
"မနက်အစောကြီးဘုရားသွားမယ် ညနေပိုင်းကျ အိမ်မှာပဲသူငယ်ချင်းတွေနဲ့ ပါတီအသေးစားလေးလုပ်မလို့ အမရာလည်းလာခဲ့လေ"
"ဘယ်အချိန်လဲ"
"ညနေငါးနာရီလောက် ခြံထဲမှာလုပ်မှာဆိုတော့ နေကျသွားမှလုပ်မယ်"
"ဪ ညနေငါးနာရီဆို ဖေကြီးတို့လွှတ်ပါ့မလားမသိဘူး"
"အမရာ့အစ်မကိုလည်းခေါ်ခဲ့လေ အစ်ကိုလာခေါ်ရမလား"
"အင်း ရပါတယ် ဖေကြီးတို့ကိုခွင့်တောင်းလိုက်ဦးမယ်"
"အဲ့တော့ ကျွန်တော့အကြောင်း အမရာ့အိမ်ကသိတာလား"
"အင်း သိတယ်လေ အမရာအကုန်ပြန်ပြောပြဖြစ်တယ် ဘာလို့လဲ"
"ကျွန်တော့ကို ဘယ်လိုမြင်တယ်တဲ့လဲ"
"မသိဘူးလေ ဖေကြီးမှအစ်ကိုနဲ့မတွေ့ဖူးတာ"
"ဟုတ်ပါပြီ မနက်ဖြန်ပန်းချီသင်တန်းသွားရမှာမဟုတ်လား"
"ဟုတ်"
"စောစောအိပ်ဦးနော်"
"ဟုတ် Good night အစ်ကို"
"ခဏနေပါဦး ပြောစရာရှိသေးတယ် အတင်းနှင်တော့တာပဲ"
"မသိဘူးလေ ဟီး"
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...