Happy Birthday Amara!

2.3K 142 4
                                    

Unicode

ဒီနေ့က အောက်တိုဘာ ၁၅ ရက်နေ့။ အမရာ့မွေးနေ့။ မနက်အစောကြီး ဖေကြီးတို့နဲ့ ဘုရားသွားပြီးပြီ။ အိမ်မှာပဲ ရွှေတောင်ခေါက်ဆွဲချက်စားဖြစ်တယ်။ အစ်ကို့အိမ်ကိုရော သူငယ်ချင်းတွေရောဖိတ်ထားတယ်။ ခဏနေတော့ သူငယ်ချင်းတွေရောက်လာတယ်။ အစ်ကို့အိမ်က ကဲကဲရော အန်တီရောလိုက်လာတယ်။ သူငယ်ချင်းတွေနဲ့ စကြနောက်ကြနဲ့ ပျော်စရာကြီးပါပဲ။ စာမေးပွဲပြီးတည်းက ဒီကြားထဲမတွေ့ဖြစ်ကြတော့ အစ်ကိုကတော့ မွေးနေ့လက်ဆောင်ပေးမလို့ ညနေကျလာခေါ်မယ်တဲ့။ ဖေကြီးတို့ဆီက တစ်ခါတည်း ခွင့်တောင်းသွားသေးတယ်။ အဖွားသဘောမတူတဲ့ကိစ္စ ဖေကြီးတို့ကို အန်တီပြောပြလိုက်မှာကြောက်တာ။ တော်သေးတယ်။ ဘာမှမပြောသွားဘူး။ နေ့ခင်းနေ့လည်နား လက်ဆောင်ထုပ်တွေဖောက်ကြည့်ပြီး ညနေကျ အစ်ကိုလာခေါ်ရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်တယ်။ ညနေကျ အစ်ကိုရောက်လာတယ်။ မေကြီးကတော့ ထုံးစံအတိုင်း အိမ်ပြန်နောက်မကျဖို့ ကားမောင်းတာ ဂရုစိုက်ဖို့မှာတယ်။ အစ်ကိုခေါ်တဲ့ဆီသာ လိုက်လာတာ ဘယ်ကိုမောင်းလို့မောင်းနေမှန်းမသိဘူး။

"အစ်ကို"

"ဗျာ"

"ဘယ်သွားနေတာလဲ"

"ဟိုရောက်တော့သိလိမ့်မယ်"

တကယ်လည်း ရောက်မှသိတယ်။ အစ်ကိုသွားတာက ရွှေတိဂုံဘုရားအနောက်ဘက်မုဂ် ပြည်သူ့ရင်ပြင်ထဲက The Yangon Restaurant။ Dinner date အတွက် booking ယူထားပြီးသားတဲ့။ အဲ့ဒါကြောင့် အစ်ကို ဒီနေ့ အနောက်တိုင်းဝတ်စုံကို သေချာဝတ်ထားကိုး။ အထဲမှာ bar လည်းရှိတယ်။ ထောင့်တစ်ဖက်မှာကျ စန္ဒရားကြီးလည်းရှိတယ်။ တစ်ဖက်ကိုလှမ်းကြည့်ရင်လည်း ဆင်တွေနဲ့ရေပန်းကြီးကိုမြင်နေရတယ်။ အစားအသောက်တွေလာချတော့လည်း အပြင်အဆင်ကအရမ်းလှတာပဲ။ အရသာလည်းကောင်းတယ်။ အစ်ကို မှာထားပြီးသားမို့လို့သာတော်တော့တယ်။ အမရာဆို မှာတတ်မယ်မထင်ဘူး။ စားလို့သောက်လို့ပြီးတော့ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ ချောကလက်နဲ့ happy birthday လို့ရေးထားတဲ့ အချိုပွဲတစ်ပွဲရောက်လာတယ်။

"Happy Birthday အမရာ ကိုယ်နဲ့သေတပန်သက်တဆုံးပေါင်းဖက်နိုင်ပါစေနော်"

My Crush is in LOVE with ME!Where stories live. Discover now