Unicode
အခန်းထဲမှာချိတ်ထားတဲ့ ပြက္ခဒိန်မှာရော ဖုန်းထဲ laptop ထဲက ပြက္ခဒိန်မှာရော အသည်းပုံလေးတွေနဲ့ ရေးခြစ်ထားတဲ့နေ့ရက်ရောက်ပြီ။ ရင်တွေတုန်နေပြီ။ လက်ဖျားခြေဖျားတွေလည်း အေးစက်နေပြီ။ ကိုယ့်သူငယ်ချင်းတွေကတော့ စိတ်အေးအေးထားဖို့ပြောတာပဲ။ အိမ်ထောင်ရှင်သူငယ်ချင်းတွေ သူတို့မင်္ဂလာဆောင်တုန်းက ဘယ်လိုဘာညာပြောပြတာ နားထောင်နေသေးတယ်။ ကိုယ့်ရဲ့တစ်ဦးတည်းသော အမျိုးသမီးလောင်းလေးကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။ ဒီနေ့မတိုင်ခင်တည်းက ကိုယ်တို့ဖိတ်စာလေးကိုကြည့်ပြီး ရင်ခုန်နေခဲ့ရတာ။ နှစ်ဖက်မိဘတွေကို အမှူးထားပြီး ကိုယ့်နာမည်နဲ့ သူ့နာမည်ရေးထိုးထားတဲ့ဖိတ်စာလေးက တကယ်ကျက်သရေရှိတာ။ သူ့ကိုသွားတွေ့ချင်နေပြီ။ သူပြင်ဆင်နေတာမပြီးသေးတာရော အကုန်လုံးက ဝိုင်းဆွဲထားတာရောကြောင့် နားနေခန်းထဲမှာပဲ စောင့်နေရသေးတယ်။ လက်ဖျားခြေဖျားတွေသာ အေးနေတာ လူကဇောချွေးပြန်နေတယ်။ ဖြစ်နိုင်ရင် သူ့နားမှာပဲ သွားထိုင်စောင့်နေချင်တယ်။
"သတို့သားက အခန်းပဲအောင်းနေတော့မှာလား အပြင်မှာ ဧည့်သည်တွေကို လာနှုတ်ဆက်ပါဦး"
"မေမေ အမရာရော ပြင်ပြီးပြီတဲ့လား"
"ပြီးတော့မှာပါ ခဏလေးစောင့်ပါဦးဟဲ့"
"အမရာက မပြင်လည်းလှတာကို ဘာတွေအဲ့လောက်ပြင်နေရတာလဲ"
"ကိုလေးက ဖြစ်နေလိုက်တာ မမက အလှဆုံးဖြစ်နေရမှာမို့လို့ပေါ့"
"ငါ့မျက်လုံးထဲ အလှဆုံးပဲကို"
"ကိုခန့်ရယ် အမေတစ်ယောက်လုံးရှိနေတာအားနာပါဦးဟဲ့ ထွက်ခဲ့တော့ သားတို့လည်း လာခဲ့လေ"
"ဟုတ်ကဲ့ အန်တီ"
အိမ်ထောင်ရှင်တွေက သူတို့အမျိုးသမီးတွေကို အပြင်မှာထားခဲ့တော့ ထွက်ချင်နေတာနဲ့ကွက်တိ။
"မေမေ မီး မမဆီသွားနေလိုက်ဦးမယ်"
"အေး အေး"
"မေမေ အဆင်ပြေမှာပါနော်"
"စိတ်လျှော့ထား ဘာမှမဖြစ်ဘူး ဟိုဘက်လှည့်ဦး ပုဆိုးကြေနေပြီလား"
CZYTASZ
My Crush is in LOVE with ME!
Romansကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...