Unicode
မနက်ကျအစောကြီးထရပြီး Sanur Port ကိုသွားရတယ်။ သင်္ဘောဆိပ်ပေါ့။ သင်္ဘောငှားတဲ့ကုမ္ပဏီတွေတော့ အများကြီးပဲ။ ကိုယ်တွေအတွက် ဂိုက်ကစီစဥ်ပြီးသားဆိုတော့ ဘာမှစိတ်ပူစရာမလိုဘူး။ သင်္ဘောဆိပ်သာဆိုတယ် ဘာဘောတံတားမှမရှိဘူး။ ရေထဲဆင်းပြီး သင်္ဘောပေါ်တက်ရတယ်။ ဖိနပ်တွေကို သူတို့ပေးတဲ့ခြင်းထဲထည့်ရတယ်။ သုံးယောက်ထိုင်ခုံနှစ်တန်းကို အလယ်မှာလျှောက်လမ်းနဲ့။ ခုံတွေက တော်တော်ကောင်းတယ်။ ကိုယ့်အမျိုးသမီးလေးက သင်္ဘောမူးတတ်တယ်ဆိုလို့ ပြတင်းပေါက်ဘက်ပေးထိုင်ရတယ်။ ခုနကရေထဲဆင်းရတော့ ခြေထောက်ကစိုနေသေးတယ်။ ခြေထောက်အအေးပတ်မှာစိုးလို့ ဘယ်လိုလုပ်ပေးရမလဲတောင်မသိဘူး။ သဘတ်တွေက luggage တွေထဲမှာ။ ပြတင်းပေါက်ဖွင့်ပြီး ကိုယ့်ကိုမှီထားတယ်။ ဟိုဘက်ကျွန်းပေါ်ရောက်ရင် ဂိုက်ကို ဟိုတယ်အရင်လိုက်ပို့ခိုင်းရမယ်။ ကိုယ့်အမျိုးသမီးလေး သင်္ဘောမူးတာပျောက်အောင် ဘယ်လိုလုပ်ပေးရမလဲ။
"အမရာ"
"..."
"အမရာ အိပ်ပျော်သွားပြီလား"
"မအိပ်ပါဘူး မူးလို့"
"ခဏထ"
"မူးပါတယ်ဆို"
"ထပါ အပြင်ကိုတစ်ချက်ကြည့်ကြည့် တကယ်လှတယ်"
"မကြည့်ချင်ဘူး"
"ကြည့်ပါ ရေထဲကိုမကြည့်နဲ့ ကောင်းကင်ကြီးကိုကြည့် နေထွက်ခါစ ဘယ်လောက်လှလဲ"
"ခုနစ်နာရီပဲခွဲနေပြီကို နေထွက်ခါစဖြစ်ပါ့မလား"
"ကြည့်ပဲကြည့်ပါဦး အမရာရယ်"
အဲ့တော့မှ ထကြည့်တယ်။ သူ့ကို တိမ်တွေပြလိုက် တဖြည်းဖြည်းဝေးသွားတဲ့ကမ်းကိုပြလိုက်နဲ့ အာရုံလွှဲပေးရတယ်။ ခဏကြာလို့ မမူးတော့ဘူးဆိုမှ စိတ်ချရတယ်။ လှေတစ်စီးပြောင်းစီးရသေးတယ်။ လှေပြောင်းစီးတဲ့နေရာကနေ Nusa Penida ကမ်းကိုကပ်လာတော့ ရေကကြည်လင်လို့။ ရေအောက်ကိုတောင် ဖောက်မြင်ရတယ်။
"အစ်ကို ဟိုမှာကြယ်ငါးလေး"
"အင်း တွေ့တယ် သန္တာကျောက်တန်းတွေရောပဲ"
ESTÁS LEYENDO
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...