My Heart <3

3.8K 234 9
                                    

Unicode

ကျောင်းက စာမေးပွဲဖြေဖို့ ကိုယ်ပိုင်စာကြည့်ချိန်ကို နှစ်ရက်ကြီးများတောင်ပေးပါသတဲ့ရှင်။ စနေ တနင်္ဂနွေတဲ့။ ဒါတောင်တစ်ရက်က ကိုယ့်ဘာသာကိုယ်ထပ်ပိတ်လိုက်လို့။ ကျောင်းမသွားရတော့လည်း တော်တော်တော့ ပျင်းတာလား။ Literature သမားမို့လို့လားတော့မသိဘူး စာကလုပ်စရာသိပ်မရှိသလိုပဲ။ ကျက်စရာဆိုလို့ Linguistics တစ်ဘာသာပဲရှိတယ်။ ကျန်တဲ့ဘာသာတွေက ပြင်ထားလည်း စာမေးပွဲခန်းထဲရောက်ရင် မေးခွန်းကို ကြည့်ပြီး ပြန်ပြင်ရေးရတာဆိုတော့ notes လေးနည်းနည်းပါးပါးပြင်ထားပြီး မူရင်းကဗျာတွေ၊ ဝတ္ထုတွေ ထပ်ဖတ်လိုက်ရုံပဲ။ အမရာတို့များ အကျင့်မကောင်းချက်က စာမေးပွဲနီးရင် ဂိမ်းတွေ ဆော့လို့ကောင်းသလောက် စာမေးပွဲပြီးသွားရင် ဂိမ်းမဆော့ချင်တော့တာပါပဲ။ တစ်နေကုန် စာမလုပ်ဘဲ ဂိမ်းဆော့ကောင်းနေတာ minor ယူထားတဲ့ စိတ်ပညာကိုအခုမှသတိရတယ်။ စိတ်ပညာဆိုမှ သူ့ကို သတိရသွားပြီ။ သူက စိတ်ပညာမေဂျာက။ အမရာတို့ထက် တစ်နှစ်ကြီးတယ်။ ဂုဏ်ထူးတန်းလား ရိုးရိုးတတိယနှစ်ပဲလားတော့မသိဘူး။ ရာမညဆောင်ကို အတန်းသွားတက်တိုင်း သူ့ကိုမတွေ့ဘူး။ စာလည်းလုပ်မယ့်ပုံမဟုတ်ဘူး။ မနေ့ညကတော့ ပြောစကားနားထောင်ပြီး စာကျက်မယ်လေးဘာလေးနဲ့ ဒီနေ့တစ်နေကုန်ပျောက်နေပုံထောက်တော့ စာတကယ်လုပ်နေလားမသိဘူး။ ဟုတ်ချင်မှလည်းဟုတ်မှာပါ။ အမရာရေ... တော်တောင်မတော်ရသေးဘူး။ သူက ရှင့်စကားတကယ်နားထောင်မယ်တဲ့လား။ ရှူးရှူး... စာကျက်တော့မယ် ကိုကြီးရေ... ညီမအတွေးထဲက ခဏလောက်ထွက်ပေးပါ။ စာကျက်မယ်ဆိုမှ ဖုန်းက "တောင်" ခနဲမြည်သံလေးထွက်လာတယ်။ ကြည့်လိုက်တော့ သူ့ဆီက။ အသက်ရှည်ဦးမယ်။

"Hello ဘာလုပ်နေလဲ"

Reply ချက်ချင်းပြန်လိုက်ရမလား။ ခဏလောက်နေလိုက်ဦးမှပါ။ နှစ်မိနစ်လောက်နေပြီးမှ reply ပြန်လိုက်တယ်။

"စာလုပ်နေတာ"

"ဘယ်ဘာသာလဲ"

"Psycho"

"ဘယ်အပိုင်းလဲ ခက်လား ရှင်းပြရမလား"

"ရပါတယ် လွယ်ပါတယ် Language and Development ပိုင်းပါ"

My Crush is in LOVE with ME!Hikayelerin yaşadığı yer. Şimdi keşfedin