Unicode
ညက လျှောက်စဥ်းစားနေတာနဲ့ အိပ်မပျော်တာ မနက်ကျ နိုးလာတော့ ကိုးနာရီထိုးနေပြီ။ မေကြီးကလည်း လာမနှိုးဘူး။ အိမ်ရှေ့ခန်းက စကားပြောသံတွေကြားတယ်။ ဧည့်သည်ရောက်နေတာလား။ ထွက်ကြည့်လိုက်တော့ old flame ကြီးက ကိုယ့်အမေနဲ့ ရယ်လို့မောလို့။ နေပါဦး။ သူတို့ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားတာလဲ။ အဲ့လောက်ရင်းနှီးသွားလို့ ညတုန်းကမေကြီးအဲ့လိုတွေပြောခဲ့တာလား။ ကိုယ့်သမီးကိုယ် တစ်ခုလပ်ကြီးနဲ့ပေးစားမလို့တော့ မဟုတ်ပါဘူးနော်။ ကိုယ့်ကိုမြင်တော့ သူရယ်တာရပ်သွားတယ်။ အံ့ဩနေတဲ့မျက်လုံးတွေက တွေတွေလေးဖြစ်သွားတယ်။ ကိုယ်ပြန်လာမှာ သူမသိဘူးလား။
"အငယ်လေး လာလေ အဲ့မှာဘာရပ်လုပ်နေတာလဲ"
ဪ ဖေကြီးလည်းပါတာကိုး။ ပြန်သွားမှ မေးရပါဦးမယ်။
"အငယ်လေး ကိုခန့်တောင်ရောက်နေပြီ သွားပြင်ဆင်တော့လေ"
"ဟင်"
"ဗျာ"
ဘာလဲ။ သူက ကိုယ့်ကိုလာခေါ်တာမဟုတ်ဘူးလား။
"ဟော ညတုန်းကပဲ ကိုခန့်လာခေါ်မယ်လို့ပြောထားတဲ့ဟာ သွားပြင်ဆင်တော့လေ"
သိလိုက်ပြီ။ မေကြီးဘာအကွက်တွေ ရွှေ့နေလဲသိလိုက်ပြီ။ ကိုယ့်သမီးကိုယ် ယောကျ်ားပေးစားဖို့ပြင်နေတာပဲ။ ယောက်ျားရှာပေးလို့ စ,လိုက်တုန်းက ရှိပြီးသားလို့ ချက်ချင်းဖြေတာကို စနေတယ်ထင်တာ။ အခုမှပဲ မေကြီး ရှာထားပေးတယ်ဆိုတဲ့ ယောက်ျားကိုတွေ့လိုက်ရတယ်။ အဲ့လူကြီးကရော သူများအိမ်မှာဘာလာလုပ်နေတာလဲ။ ကိုယ့်ကိုလာခေါ်တာလည်း မဟုတ်ဘဲနဲ့။ ရေမိုးချိုးပြင်ဆင်ပြီးထွက်လာတော့ သူကခုနကအတိုင်း ဧည့်ခန်းထဲမှာ ဖေကြီးနဲ့စကားပြောနေတုန်း။ မေကြီးက မီးဖိုချောင်ထဲမှာထင်တယ်။ အသံကြားတယ်။
"မေကြီး"
"အမယ်လေး ငုတ်တုတ်"
"ပြောပါဦး ဘာတွေခိုးလုပ်နေလို့ အဲ့လောက်လန့်သွားတာလဲ"
"ဒီကလေးမကတော့ မအေကို ဒီမှာဘာလာလုပ်နေတာလဲ ကိုခန့်စောင့်နေတော့မယ်"

BINABASA MO ANG
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...