Unicode
"အငယ်လေး မထသေးဘူးလား ဒီကလေးမပြန်ရောက်လာပြီးမှ အကျင့်တွေပျက်နေတယ်"
"အိပ်ပါစေအမေကြီးရာ ကလေးခမျာအခုမှနားရလို့နေမှာပေါ့"
"ညဘက်တွေကျအိပ်တာမဟုတ်ဘူး ညကလည်း တချွတ်ချွတ်နဲ့အသံကြားတယ် ညနက်တဲ့ထိ ဘာတွေလုပ်နေမှန်းမသိဘူး"
နားထောင်နေရင်း မေကြီးစကားသံက တဖြည်းဖြည်းဝေးသွားတယ်။ မေကြီးလာနှိုးတည်းက နိုးနေတာ။ ခုံပေါ်မှောက်အိပ်ထားတော့ ဇက်နာနေတာ တော်တော်နဲ့ထလို့မရဘူး။ အဲ အစ်ကို့ဆွဲကြိုး။ ပျောက်သွားလို့မဖြစ်ဘူး။ အရေးကြီးတယ်။ အစ်ကိုလည်းသိရင် စိတ်မကောင်းဖြစ်နေတော့မှာ။ တစ်နေကုန်ရှာတာကို ရှာလို့မတွေ့ဘူး။ ခက်တော့တာပဲ။ လူကလည်း ငိုချင်နေပြီ။ မေကြီးကတော့ ဘာရှာနေတာလဲ လာမေးသား။ သိသွားရင် အစ်ကို့ကိုသွားပြောမှာစိုးလို့ မပြောရဲဘူး။ မနေ့ကမှ ပြန်အဆင်ပြေတာလေဟာ။ ပြဿနာတက်လို့မဖြစ်ဘူး။ ဖုန်းဆက်ပြီး ဆွဲကြိုးလေးရေပြန်လာပါ ဆိုပြီး လှမ်းခေါ်လို့ရရင်လည်းကောင်းသား။ နောက်ဆို ကိုယ်နဲ့မကွာ လည်ပင်းမှာဆွဲထားရမယ်။ အဲ့ဒါတောင် ပျောက်မှာစိုးလို့ GPS ပါထပ်တပ်မယ်။ ရှာနေရင်း အစ်ကို့ဆီကဖုန်းဝင်လာတယ်။ မေးလာရင် ဘယ်လိုဖြေရပါ့။
"Hello"
"Hello အမရာလေး ဘာလုပ်နေလဲ"
"ဘာမှမလုပ်ပါဘူး ဒီလိုပါပဲ"
"အသံကဘာဖြစ်တာလဲ နေမကောင်းဘူးလား"
"ကောင်းပါတယ် ဘာမှမဖြစ်ပါဘူး"
"တစ်ခုခုဆိုပြောနော်"
"ဟုတ် ရတယ် ဘာမှမဖြစ်ဘူး"
"ပြီးတာပါပဲဗျာ မနက်ဖြန်ဘာလုပ်မှာလဲ"
"မေကြီးနဲ့ အိမ်မှာပဲ စတုဒိသာလုပ်မယ်"
"ကိုယ် လာခဲ့မယ်နော်"
"ဟုတ် မေကြီးကိုပြောထားလိုက်မယ်"
"ကောင်းပါပြီဗျာ"
"အဲ့ဒါဆိုလည်း ဒါပဲလေ"
"ဟုတ်ကဲ့ဗျ"
"ဖုန်းချလိုက်ပြီ"
ဖုန်းချသွားတဲ့အစ်ကိုကတော့ အေးအေးဆေးဆေးပဲ။ ဒီကတော့ မအေးဆေးနိုင်ဘူး။ မနက်ဖြန်လာလို့ မေးရင် ဘယ်လိုဖြေရပါ့။ အခုကဖုန်းထဲမှာမို့လို့။ အပြင်မှာမျက်နှာချင်းဆိုင်မေးရင် အမရာမလိမ်တတ်ဘူး။ ရှာတာလည်း ဘယ်လိုမှမတွေ့ဘူး။ ဘူးလိုက်ကိုပျောက်နေတာ။ ငိုချင်လာပြီ။ ဘယ်နားထားမိလဲ စဥ်းစားလို့မရပြန်ဘူး။
![](https://img.wattpad.com/cover/242084899-288-k917820.jpg)
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...