Will you marry me?

3K 152 2
                                    

Unicode

ညနေအစ်ကိုလာခေါ်မယ်ဆိုလို့ ပြင်ဆင်ထားမလို့ ရေချိုးပြီးအခန်းထဲဝင်လာတော့ မေကြီးကကိုယ့်အခန်းထဲမှာ။ တော်ရုံဆို မပြောဘဲမဝင်တတ်ပါဘူး။ အမရာမရှိတုန်းက အခန်းထဲဝင်ရှင်းနေကျမို့ အကျင့်ပါနေသလားမသိပါဘူး။

"မေကြီး ဘာတွေလုပ်နေတာလဲ"

"အမယ်လေး ဒီကောင်မလေး နင့်လက်ကအေးကအေးနဲ့ လာမဖက်စမ်းပါနဲ့"

"မေကြီးကလည်း ကိုယ့်သမီးလေးကချစ်လို့ဖက်တာကို အဖက်မခံချင်ဘူးလားလို့"

"ဖယ်စမ်းပါဟယ် အေးလို့ပါ"

ပိုပြီးတင်းအောင်ဖက်လိုက်တော့ ထအော်တာနဲ့လွှတ်ပေးလိုက်တယ်။

"မေကြီးက သမီးအရင်းကျအနားတောင် အကပ်မခံတော့ဘူး သွေးမတော်သားမစပ်အစ်ကို့ကိုကျ ကိုခန့် ကိုခန့်နဲ့"

"နင်ကရော အစ်ကို အစ်ကိုနဲ့ မဖြစ်လို့လား"

"မဖြစ်ပါဘူးနော် မေကြီးမှန်မှန်ဖြေ မေကြီးတို့ကို ကိုခန့်ဘာဆေး‌တွေကျွေးထားလို့လဲ"

"အမယ်လေး ကိုခန့်ကဘာဆေးမှမကျွေးပါဘူးတော် လူပုံကိုက လူလိမ္မာလူရည်သန့်လေး"

"ချီးမွမ်းနေလိုက်တာ"

"ကျေနပ်တယ်မဟုတ်လား"

"မေကြီးကလည်း"

"မေကြီးက မလည်းနဲ့ အင်္ကျီဝတ်တော့ အအေးပတ်မယ်"

"အင်္ကျီထုတ်ပေး"

"တစ်ခါလေးအိမ်ပြန်လာပြီး က‌လေးလာလုပ်နေတယ် ဟုတ်လား"

မေကြီးက နှာခေါင်းထိပ်ကို ဖွဖွလေးလာညှစ်သွားသေးတယ်။ မေကြီးအင်္ကျီရွေးပေးနေတုန်း ဖြီးလိမ်းပြင်ဆင်နေလိုက်တယ်။

"အငယ်လေး ကုတင်ပေါ်တင်ထားခဲ့တယ်နော်"

"ဟုတ် မေကြီး မေကြီးလည်းပြင်ဆင်တော့လေ"

"အေးပါ နင်သာမြန်မြန်လုပ်"

"ဟုတ်ကဲ့ပါရှင့်"

ညနေကျ အစ်ကိုလာခေါ်တယ်။ မိဘနှစ်ပါးက တက်ညီလက်ညီပဲ ကိုယ့်ကိုရှေ့ခန်းအရောက်ပို့လိုက်ကြတယ်။ ခါးပတ်ပတ်ရတာရင်ဘတ်နာတယ်နဲ့ ငါ့မိန်းမနဲ့ထိုင်ချင်တယ်ဆိုတဲ့ ဆင်ခြေဆင်လက်ဆင်နားရွက်တွေလည်း ပေးကြသေးတယ်။ ကောင်းကြသေးရဲ့လားလို့သာ အော်လိုက်ချင်တော့တယ်။ အစ်ကို့အိမ်ရောက်တော့ ခြံဝန်းထဲမှာပဲ စားပွဲရှည်ကြီးနဲ့ ပြင်တောင်ပြင်ပြီးပြီ။ အဖွားကိုသွားခေါ်ပြီး မွေးနေ့ကိတ်လှီးတယ်။ မွေးနေ့ဆုတောင်းတွေလည်း ပေးကြတယ်။ ကိုယ်မသိလိုက်တုန်း လုပ်လိုက်ကြတဲ့အစဥ်အလာလားလို့တောင် သံသယဝင်မိတယ်။

My Crush is in LOVE with ME!Место, где живут истории. Откройте их для себя