Miss you already!

2.4K 140 0
                                    

Unicode

ကျန်တဲ့ရက်တွေကတော့ မေကြီးနဲ့ မုန့်လက်ဆောင်းတို့ ရွှေရင်အေးတို့လုပ်ပြီး ရပ်ကွက်ထဲလိုက်ဝေလိုက်တယ်။ သင်္ကြန်ရက်တွေထဲ အစ်ကိုက ကိုယ်တို့အိမ်မှာပဲ။ မုန့်ဝေရင်လိုက်ကူပေးတယ်။ အိမ်မှာ ဖေကြီးနဲ့ ကျန်းမာရေး၊ ပညာရေးကစ ဘောလုံးပွဲထိ စကားပြောတယ်။ အတူတူချက်ပြုတ်စားသောက်ကြတယ်။ TV ကြည့်ကြတယ်။ ဒီနှစ်သင်္ကြန်ပျော်ဖို့အကောင်းဆုံးပဲ။ နှစ်ဆန်းတစ်ရက်နေ့ကျ မိသားစုတွေစုံစုံညီညီ ဘုရားသွားကြတယ်။ ဆိုင်တစ်ဆိုင်မှာ ထမင်းအတူစားကြတယ်။ အဖွားကမြေးချီချင်တဲ့အကြောင်းပဲပြောနေတာ။ ပြန်လာရင် လက်ထပ်ပါ့မယ်ပြောခဲ့ရတယ်။ နှစ်ဆန်းနှစ်ရက်နေ့ကျ ဟိုကိုပြန်ဖို့ ပြင်ရဆင်ရနဲ့ တစ်ရက်က ခဏလေးပဲ ကုန်သွားတယ်။

"အငယ်လေးရေ ပစ္စည်းတွေသေချာစစ်ဦးနော်"

"ဟုတ်ကဲ့ပါ အကုန်ပါပြီ"

"အမရာ ပြီးပြီလား သွားမယ်လေ"

"အင်း ဖေကြီးရော?"
"ကားထဲရောက်နေပြီ"

"မေကြီး လာတော့လေ"

"အေးပါ လာပါပြီ"

ကားပေါ်ရောက်တော့ မမဆီဖုန်းဆက်ရတယ်။

"Hello မမလာနေပြီလား... အင်း ရတယ် မီးတို့လည်းအခုမှထွက်တာ... တန်းလာခဲ့လိုက်လေ... ပြီးရော ပြီးရော... အဲ့ဒါဆိုဒါပဲ"

"အငယ်လေး ဘာတဲ့လဲ"

"လေဆိပ်ကိုပဲ တန်းလာလိုက်မယ်တဲ့"

"ထွက်လာပြီတဲ့လား"

"ခဏနေ ထွက်လာမယ်တဲ့"

"အေး အေး"

လေဆိပ်ရောက်တော့ နှုတ်ဆက်ကြ အလွမ်းသယ်ကြနဲ့။ မိသားစုလိုက်ကြီး။ မသိရင် အခုမှသွားမှာကျလို့။ ငရှုပ်လေးက လိုက်မယ်လုပ်နေလို့ မနည်းထားခဲ့ရတယ်။ အစ်ကိုကတော့ လွမ်းနေမယ်ဘာညာပြောမနေဘူး သူအားရင်လိုက်လာခဲ့မယ်တဲ့။ အကုန်လုံးနဲ့နှုတ်ဆက်ပြီး လေယာဥ်ပေါ်တက်လာတော့ လေယာဥ်မယ်လေးဆီက ဖုန်းတွေ airplane mode လုပ်ထားဖို့အမှာစကားလေးက ထွက်လာတယ်။ အင်း... ခဏတော့ ခွဲရပြန်ဦးမပေါ့။ ဖုန်းမပိတ်ခင် "ချစ်တယ်အစ်ကို"၊ "ကျန်းမာရေးဂရုစိုက်"၊ "စိတ်ချမယ်နော်" ဆိုတဲ့စာလေးတွေ ဆက်တိုက်ပို့နေမိတယ်။ အစ်ကိုက ပြန်ပို့လာပါတယ်။ "ချစ်တယ်" တဲ့။ ခဏလောက်စောင့်နေသေးပေမယ့် ထပ်မပို့တော့ဘူး။ အဲ့ဒါလေးပဲ။ ဒါလေးတစ်ခွန်းနဲ့ လုံလောက်ပါတယ်။ လွမ်းရင်လည်း video call ခေါ်လို့ ရတာပဲ။ မြန်မာပြည်နဲ့ စင်ကာပူဆိုတာလည်း လာချင်ရင်အလွယ်လေး။ နောက်ပြန်လာရင် အမြဲတွေ့နေရတော့မှာပဲဟာ။ ခဏခွဲနေရတာကလွဲရင် အကုန်အဆင်ပြေပါတယ်။ မဖိတ်ခေါ်ဘဲ ပြူထွက်လာတဲ့ မျက်ရည်လေးတစ်စက်က မျက်တောင်စွန်းမှာ တွဲလွဲခိုလို့။

My Crush is in LOVE with ME!Donde viven las historias. Descúbrelo ahora