💭???

2.5K 157 4
                                    

Unicode

လွမ်းနေခဲ့တာ။ ဒီအငွေ့အသက်။ ဒီမြင်ကွင်းတွေ။ သိတယ်။ ကိုယ့်နိုင်ငံက သူများနိုင်ငံနဲ့စာရင် စည်းကမ်းပိုင်းတွေ သန့်ရှင်းရေးပိုင်းတွေ နည်းစနစ်ပိုင်းတွေ အားနည်းတာသိတယ်။ ဒါပေမယ့်လည်း လူဆိုတာက ကိုယ့်ဇာတိချက်ကြွေမွေးရပ်မြေကသာ ကိုယ့်အတွက်အကောင်းဆုံး အလုံခြုံဆုံး အနွေးထွေးဆုံးလို့ သတ်မှတ်ကြတာ မဟုတ်လား။ တွေ့ပါပြီ။ အမရာ့ရဲ့မိသားစုလေး။ မတွေ့မှာစိုးလို့ အမရာ့နာမည်နဲ့ ဘုတ်ပြားကြီးကို မြှောက်ကိုင်ထားကြသေးတယ်။ မမကတော့လေ။ မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ စားကြသောက်ကြပြီး အိပ်ရာဝင်တော့ ကိုယ့်အခန်းလေးက ကိုယ်ထားခဲ့တဲ့အတိုင်းလေ။ မေကြီး အမြဲအခန်းရှင်းပေးထားတယ်နဲ့ တူပါတယ်။ ဖုန်တစ်စက်တောင်မရှိဘူး။ တမင်မေ့ထားလျက်နဲ့ ဗီရိုအောက်ဆုံးအံဆွဲလေးကို ဆွဲဖွင့်မိပြန်တယ်။ လက်ကိုင်ပုဝါအပြာလေးက အရောင်တောင်နွမ်းချင်နေပြီ။ နှင်းဆီပန်းလေးတောင် တစစီကြေမွနေပြီ။ ရိုးတံကလည်း ခြောက်သွေ့လို့။ အမရာ့နှလုံးသားလေးလည်း အဲ့လိုပဲ ခြောက်သွေ့သွားပြီထင်နေတာ မျက်ရည်တစ်စက်က လှိမ့်ဆင်းလာသေးတယ်။ တဖြည်းဖြည်း မျက်ရည်မိုးသည်းတော့မယ့်အချိန်မှာ တံခါးလာခေါက်သံကြားတယ်။

"အငယ်လေး အိပ်သွားပြီလား နွားနို့လာသောက်ဦးလေ"

မထိန်းနိုင်တော့တော့ တံခါးကိုဆွဲဖွင့်ပြီး မေကြီးရင်ခွင်ထဲပြေးဝင်မိတယ်။ လက်ထဲမှာ လက်ကိုင်ပုဝါလေးက ကိုင်လျက်သား။ အခန်းဝမှာတင် သားအမိနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ငိုပွဲဆင်နေမိတယ်။ အတော်လေးကြာမှ နှစ်ယောက်လုံးအငိုရပ်နိုင်တယ်။

"လာ အောက်ကအေးတယ် ကုတင်ပေါ်လာထိုင်"

ကုတင်ပေါ်မှာထိုင်ပြီးတဲ့ထိ မေကြီးက ကိုယ့်လက်ကို ကိုင်ပေးထားတုန်း။

"မမေ့နိုင်သေးဘူးလား အငယ်လေး"

လက်ထဲက ပုဝါလေးကိုမြင်သွားတယ်ထင်တယ်။ ခေါင်းပဲတွင်တွင်ငုံ့နေမိတော့တယ်။

"ဟင်း ဒီကလေးတွေနဲ့တော့ ခက်တော့တာပဲ"

မခက်ပါဘူးမေကြီးရယ်။ အမရာ မိုက်မဲလွန်းတာပါ။

My Crush is in LOVE with ME!Where stories live. Discover now