Unicode
သင်တန်းသွားဖို့ပြင်ဆင်နေတုန်း ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ အစ်ကို့အသံချိုအေးအေးက နားထဲကနေ ရင်ဘတ်ထဲထိ စီးဝင်သွားတယ်။
"Hello"
"Hello"
"Hello အမရာလား"
"ဟုတ်"
"သင်တန်းသွားတော့မှာလား"
"ဟုတ်"
"ကျွန်တော့ဆီ သင်တန်းလိပ်စာလေးပို့ပေးပါဦး"
"အာ.. ဟုတ် အမရာမေ့သွားတာ"
"ကျွန်တော်လာကြိုမှာကိုလား"
"ဟုတ်ဘူး လိပ်စာပို့ပေးဖို့ ပို့ထားလိုက်မယ်နော်"
"ဟုတ်ကဲ့ပါဗျ"
"အဲ့ဒါဆိုဒါပဲနော်"
"ကောင်းပါပြီဗျာ"
အစ်ကိုနဲ့ဖုန်းပြောဖူးတာ ဒါပထမဆုံးပဲ။ အစ်ကိုက ဖုန်းနံပါတ်သာတောင်းသွားတာ မဆက်ဘူး။ ကိုယ်ကလည်း သူ့ဖုန်းနံပါတ်ပြန်မတောင်းရဲဘူး။ အခုအစ်ကို့ဖုန်းနံပါတ်ရပြီဆိုတော့ contact list ထဲ နံပါတ်တစ်ခုတိုးပြီပေါ့။ မှတ်ပြီး favourite list ထဲ တစ်ခါတည်းထည့်ထားလိုက်တယ်။ အစ်ကို့အကြောင်းဋီကာဖွဲ့နေတာရပ်ပြီး သင်တန်းသွားဖို့ဆက်လုပ်ရတယ်။ သင်တန်းကမြို့ထဲထိသွားရမှာ တစ်နာရီလောက်ကြိုထွက်မှအဆင်ပြေမှာ။ ဒါတောင် ဖေကြီးနဲ့ကပ်လိုက်မှာမို့ တော်တော့တာ။ လိုင်းကားနဲ့သာဆို နှစ်နာရီလောက် စောထွက်ရမယ်ထင်တယ်။
သင်တန်းရောက်တော့ ၉ နာရီထိုးဖို့ ငါးမိနစ်ပဲလိုတော့တယ်။ ပန်းချီဆွဲဖို့လိုတာတွေက အရင်ရက်တုန်းက ဖေကြီးဝယ်ပေးထားလို့တော်သေးတယ်။ မဟုတ်ရင် သင်တန်းကစျေးတင်ပြီးရောင်းတာတွေ ဝယ်နေရမှာ။ ဒါတောင်စုတ်တံတွေက မစုံသေးဘူး။ ထပ်ဝယ်ရဦးမယ်။ သင်တန်းမှာ ချာတိတ်တွေပဲများတယ်။ ကိုယ့်မှာကလေးတွေကြား အစ်ကိုပြောသလို ကလေးဗိုလ်ကြီးကျလို့။ သင်တန်းဆင်းတော့ ပစ္စည်းတွေသိမ်းနေတုန်း ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ နာမည်က "ခန့်" တဲ့။ သူကတော့ "ကျွန်တော် အောက်ထပ်မှာစောင့်နေတယ်" ပဲပြောတာ ဒီကပျာယာခတ်နေပြီ။
YOU ARE READING
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...