ကျေးဇူးတင်လွှာ - ၁
1.3K 79 7
Unicode
ကဲ... အခုဆိုရင်တော့ My Crush is in LOVE with ME! ဝတ္ထုလေးရဲ့ ခရီးစဥ်ပြီးဆုံးပါပြီရှင်။ ခရီးစဥ်တစ်လျှောက် လိုက်ပါစီးမျောပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ အစတုန်းက သူငယ်ချင်းတွေကို ပေးဖတ်ခိုင်းပြီး group ထဲစျေးဗန်းလိုက်ခင်းခဲ့ရတဲ့ story လေးက viewer တွေ အများကြီးရတော့ ပျော်တယ်ဆိုတာထက်တောင်ပိုပါတယ်။ Vote တွေပေးကြ Reading list တွေထဲ ထည့်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ Feedback တွေ comment တွေ ရေးပေးကြတာတွေ့ရတော့လည်း ဝမ်းသာလုံးဆို့ရပါတယ်ရှင် <3
အရေးအသားလိုအပ်နေတဲ့နေရာတွေ ဇာတ်လမ်းပေါ့သွားတဲ့နေရာလေးတွေ ရှိရင်လည်း ထောက်ပြကြပါဦး။
ကိုခန့်နဲ့ အမရာတို့ကို အစက extra မရေးဘူးလို့စဥ်းစားထားတာ။ မင်္ဂလာ‌ဆောင်တွေ honeymoon တွေ မပါဘူးဆိုတော့ အချိုပေါ့သွားမှာစိုးရိမ်နေတာနဲ့ extra ရေးရင်ကောင်းမလားလို့။ ဒါပေမယ့် လာမည် ကြာမည်ပေါ့ရှင်။ ဘာလို့ဆို တခြားတစ်ပုဒ်ရေးလက်စဖြစ်နေတော့ ဇာတ်ကောင်တွေရှုပ်ကုန်မှာစိုးလို့ -_____-
တစ်လက်စတည်း ကြော်ငြာဝင်ပါရစေ။ နောက်ဝတ္ထုတစ်ပုဒ်ရေးနေပါတယ်။ ဒီတစ်ခါကတော့ BL ပါ။ အားပေးကြပါဦး။ Character တွေရော setting တွေရော အများကြီးအားစိုက်ထားတဲ့ ဝတ္ထုလေးပါ။ Character တွေဆွဲခေါ်တဲ့အတိုင်း Kendra လိုက်ရေးရင်း အစက စဥ်းစားထားတဲ့ plot တွေ မဟုတ်တော့ဘဲ plot အသစ်တွေ character အသစ်တွေ ပေါ်ပေါ်လာတယ်ပေါ့နော်။ အိပ်မက်မက်ရင်းတောင် တခြားဇာတ်ကောင်တစ်ယောက်ကို ယောင်ပြီး တ,နေတတ်လို့ Kendra တစ်ယောက်တိုင်ပတ်နေပါတယ်။ အဲ့ဒါကြောင့် ကိုခန့်တို့ အမရာတို့ mood ဝင်ဖို့က ကြာပါဦးမယ်လို့။ ချိုတာတော့ တော်တော်ချိုအောင်‌ရေးမယ်လို့ စဥ်းစားထားတာပဲ :D
တစ်ခါတည်းပြောပြချင်တာက Kendra က ဇာတ်လမ်းတွေ အစအဆုံးရေးပြီးမှ ပြန်ဖတ်ကြည့် edit၊ မတင်ခင် နောက်တစ်ခေါက်ထပ်ဖတ်ပြီး edit ပြီးမှ တင်တာပါ။ အဲ့ဒါကိုမှ မျက်စိလျှမ်းပြီး စာလုံးပေါင်းသတ်ပုံအမှားတွေ ပါသွားရင်လည်း ပြောပြကြပါဦးလို့။ အစအဆုံးရေးပြီးမှ တင်တာမို့လို့ update လည်း မြန်ပါတယ်။ နောက်တစ်ပိုင်းကို အမြန်ဖတ်စေချင်ဇောနဲ့ တစ်နေ့ကို သုံးပိုင်းတောင်တင်ပေးတာပါ။ လေးပိုင်းတင်မိတဲ့ ရက်တွေတောင်ရှိပါတယ်။ အဲ့ဒီ့တော့ update စောင့်စရာမလိုပါဘူးလို့။ ဝတ္ထုတစ်ပုဒ်နဲ့တစ်ပုဒ်ကြားတော့ နည်းနည်းကြာပါမယ်လို့။ ဘာလို့အပိုင်းတွေအားလုံးတစ်ခါတည်းမတင်တာလဲဆိုတော့ ကိုယ့် fiction ကို စောင့်နေတဲ့လူရှိမလား။ ဆက်ဖတ်ချင်လောက်အောင် ဆွဲဆောင်မှုရှိရဲ့လားသိချင်လို့ပါ။ ^-^
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်နော် 💓
Zawgyi
My Crush is in LOVE with ME!Where stories live. Discover now