Happy YU Thingyan!!!

3.7K 228 18
                                    

Unicode

ဒီနေ့ ကျောင်းသင်္ကြန်နေ့။ ကိုယ်ကတော့ သင်္ကြန်မတိုင်ခင်တည်းက ကောလိပ်ချဥ်ရဲ့ ပေးစာကဏ္ဍမှာ စာသွားထည့်ထားပြီးပြီ။ သီချင်းလည်းဆိုဖို့ စာရင်းပေးထားပြီးပြီ။ သူလာပါ့မလား။ မလာမှာလည်း စိုးရိမ်တယ်။ နေပူကြီးထဲ အပူလျှပ်ပြီး နှာခေါင်းသွေးလျှံမှာလည်း စိုးရိမ်တယ်။ ဟိုတစ်‌နေ့ကတော့ ‌ကျောင်းသင်္ကြန်လာမယ်ဆိုတဲ့ post တစ်ခုတွေ့လိုက်တယ်။ ဟော... တွေ့ပါပြီဗျာ။ အချစ်က အပြာရောင်ဝမ်းဆက်လေးနဲ့။ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲ။ လိုက်ကြည့်နေမိတယ်။

"‌ကိုခန့် လာလေကွာ ဘာတွေငေးနေတာလဲ"

"အင်း ခဏ"

ဘာကောင်တွေမှန်းမသိဘူး။ အတင်းဆွဲခေါ်နေတာ။ ဟိုကပျောက်သွားပြီ။ ရေသွားလောင်းမလို့ပါဆို။ ဝိဇ္ဇာခန်းမရှေ့မှာ ရပ်နေတာတွေ့တယ်။ ရေသွားလောင်းရင်ကောင်းမလား။ ဟင်... သူများတွေ လောင်းလိုက်ပြီလား။ သူငယ်ချင်းတွေ အချင်းချင်းပြန်လောင်းနေကြတာနဲ့တူတယ်။ ဟား ဟား။ နေပါစေ။ ကိုယ်သွားမှ ဟိုတစ်ခါကလို ရှက်ပြီးထွက်ပြေးနေဦးမယ်။ စာဖတ်တာပြီးမှပဲ ရေသွားလောင်းလိုက်တော့မယ်။

"အခုဆို ကောလိပ်ချဥ်အဖွဲ့ရဲ့ နာမည်ကြီး ပေးစာကဏ္ဍကို ဆက်လက်ကျင်းပမှာဖြစ်ပါတယ်ခင်ဗျာ"

အာ... ဒီအလှည့်တော့ ကိုယ့်စာပါပြီလားမသိဘူး။ ပွဲစဖွင့်တည်းက ကိုယ့်စာပါမလားလို့ လာစောင့်နေတာ။ နေကပူ လူကရွှဲနဲ့ စိတ်အိုက်နေပြီ။ မကြည့်ချင်တဲ့ အကတွေလည်း ကြည့်နေရတယ်။

"အားလုံး ကိုယ့်စာမပါမှာစိတ်မပူကြပါနဲ့ အကုန်လုံးဖတ်ပြမှာပါဗျာ"

"တစ်နေကုန်ရင်ကုန်ပါစေဗျာ"

တစ်နေတော့ မကုန်ပါနဲ့ဗျာ။ အချစ်လေးရှိတုန်း မြန်မြန်ဖတ်ပါဗျ။

"ပြောနေတာ အချိန်ကြာပါတယ် အခုပဲဖတ်ပြမယ်"

"ဟော ဒီတစ်ခါစာကတော့ ရာမညမြေမှ အရိုင်းပန်းလေးတစ်ပွင့်ဆီကဗျ"

"ဟုတ်လား ကောင်မလေးဆီကလား"

"ဟုတ်ဘူး ကောင်လေးဆီက"

My Crush is in LOVE with ME!Where stories live. Discover now