See u tmr!

3.4K 211 10
                                    

Unicode

နိုးလာလို့ကြည့်လိုက်တော့ Good morning ဆိုတဲ့စာတိုလေးက ရောက်နေပြီးသား။ လုပ်စရာရှိတာလုပ်ပြီး တစ်နေကုန်စာကျက်နေလိုက်တယ်။ မကျက်လို့လည်းမရဘူး။ မနက်ဖြန်စာမေးပွဲ။ သူ့ဆီကလည်း စာတစ်စောင်မှ ထပ်မရောက်လာဘူး။ တစ်နေကုန်အားလားဘာညာနဲ့ အခုထိပေါ်မလာဘူး။ ညစာစားပြီး နားတော့မှ စာရောက်လာတယ်။ "ညစာစားပြီးပြီလား" တဲ့။ ဘာလို့အာ့နဲ့ပဲ စကားစကြတယ်မသိဘူး။ မစားရသေးရင် လာကျွေးမှာကျလို့။ ကိုယ့်ဘာသာကိုယ်တွေးပြီး ရင်ဖိုသွားတယ်။

"ဟုတ်"

"မနက်ဖြန် စာမေးပွဲနော် စာတွေရောရပြီလား"

"ဟုတ်"

"တစ်နေကုန်ဂိမ်းလည်းမဆော့ဘူး လိမ္မာလိုက်တာ"

"ဘယ်လိုသိလဲ"

"ဒီကကိုကြီးက အမရာ့အကြောင်းဆို အကုန်သိတယ်"

"..."

"စတာ ဂိမ်းထဲမှာညီမကို follow ထားတယ်"

"ဘယ် acc လဲ ပြန် follow လိုက်မယ်လေ"

"ရပါတယ် ထားပါ မနက်ဖြန်ဘယ်အချိန်ဖြေရမှာလဲ?"

"နေ့ခင်းပိုင်း ဘာလို့လဲ"

"သေချာအောင်မေးကြည့်တာ"

သူပြောတော့ အကုန်သိတယ်ဆိုပြီး။ ဘာအတွက်မေးတာလဲသိချင်ပေမယ့် မမေးတော့ပါဘူး။ အရမ်းစိတ်ဝင်စားနေကြောင်းသိသွားလို့မဖြစ်ဘူး။

"အကုန်သိတယ်ဆို?"

"တချို့အရာတွေကျ အမရာပြောပြမှသိမှာပေါ့"

"..."

"အမရာစိတ်မဆိုးဘူးဆို ကျွန်တော်တစ်ခုလောက်ပြောချင်တယ်"

"ဟုတ်ကဲ့"

ပြောပြီးခါမှ ရောက်လာတဲ့စာကြောင့် နည်းနည်းတောင်ဇဝေဇဝါပြန်ဖြစ်သွားတယ်။

"တောင်းဆိုချင်တာဆို ပိုမှန်မယ်" တဲ့။

"..."

"ကျွန်တော် မနက်ဖြန်အမရာ့ကို လာတွေ့လို့ရမလား?"

"အာ... ပြောစရာရှိလို့လား ဒီမှာပဲပြောလည်းရပါတယ်"

အခုတောင် မျက်နှာမမြင်ရလို့ပြောရဲတာ။ မျက်နှာချင်းဆိုင်ပြောရလောက်အောင် သတ္တိကမရှိနေဘူး။

My Crush is in LOVE with ME!Where stories live. Discover now