Happy Myanmar New Year!

2.6K 173 2
                                    

Unicode

နှစ်ဆန်းတစ်ရက်နေ့။ မနက်အစောကြီး။ ညနေဘက်ဆို လူအရမ်းကြပ်မှာစိုးလို့ မနက်အစောကြီးလာတာတောင် ဘုရားပေါ်မှာ လူတွေအများကြီးပဲ။ ကိုယ့်မွေးနံထောင့်မှာတောင် လူတွေအရမ်းများနေလို့ ရေသပ္ပာယ်ဖို့ မတိုးနိုင်ဘူး။ ဒီတိုင်းထိုင်ရှိခိုးလာရတယ်။ စောင်းတန်းတစ်ခုမှာ ကိုယ့်မိသားစုရော သူ့မိသားစုရော ဆုံကြတယ်။ အစ်ကို့အဖေလည်းပါတယ်။ အစ်ကိုရော ကဲကဲရော မနေ့ညက အိမ်ပြန်နောက်ကျထားတော့ အိပ်ချင်မူးတူးရုပ်လေးတွေနဲ့။ အစ်ကိုဆို ရိုးရိုးတီရှပ်ပေါ် ရှပ်လက်ရှည်ကို လက်ခေါက်ဝတ်ထားပြီး အိမ်နေရင်းပုဆိုးနဲ့။ စောင်းတန်းကို ဝင်လာတုန်း တိုင်တစ်တိုင်ကိုမှီပြီး ငိုက်နေတာ။ အမရာတို့ရောက်သွားမှ နိုးလာတာ။ အစ်ကိုက တစ်ခါတစ်လေ ရယ်ရတယ်။ ဖေကြီးတို့မေကြီးတို့ကတော့ အစ်ကို့မိဘတွေနဲ့ စကားလက်ဆုံကျနေတယ်။ အခြေအနေကတော့ သာသာယာယာပါပဲ။ အစ်ကိုကြီးတို့မိသားစုကတော့ ဘုရားပတ်ဖူးပြီး သက်သက်ပြန်မယ်ဆိုပြီး ထွက်သွားကြပြီ။ အပြင်ဘက်ကို လိုက်ကြည့်နေတုန်း ဖုန်းထဲကို စာတစ်စောင်ဝင်လာတယ်။

"အမရာ ဘုရားသွားရှိခိုးရအောင်"

"ဘုရားကရှိခိုးပြီးပြီလေ"

ကိုယ်ပြန်ပို့လိုက်‌တော့ ဘာမှဆက်မပြောတော့ဘူး။ မျက်မှောင်ကြုံ့ပြီးလှမ်းကြည့်လာတယ်။ နောက်တော့ ကဲကဲနဲ့ ခေါင်းချင်းဆိုင်ပြီးတွတ်ထိုးနေကြတယ်။

"မမ"

"ရှင်"

"ဓာတ်ပုံသွားရိုက်ရအောင်"

"ဟင်"

"လာပါ တစ်ခါတစ်လေလေး တူတူလာတာကို ကိုလေးကိုလိုက်ရိုက်ခိုင်းမယ်"

သိလိုက်ပါပြီ။ ခုနက တွတ်ထိုးနေတာဒါကြောင့်ကိုး။ သူ့ကိုလှမ်းကြည့်လိုက်တော့ သူနဲ့မဆိုင်သလို ဟိုကြည့်ဒီကြည့်လုပ်နေတယ်။ တတ်လည်းတတ်နိုင်တဲ့မောင်နှမတွေ။

"ဖေဖေတို့ကို ခွင့်တောင်းဦးလေ"

"ဖေဖေ ကဲကဲတို့ဓာတ်ပုံသွားရိုက်ချင်လို့"

"သွားလေ အဝေးကြီးတော့မသွားနဲ့"

"ဟုတ် လေးလေး မမကိုခေါ်သွားမယ်နော်"

My Crush is in LOVE with ME!Nơi câu chuyện tồn tại. Hãy khám phá bây giờ