Unicode
နေမကောင်းတော့ကျောင်းလည်းမတက်ရဘဲ အိမ်မှာတစ်ယောက်တည်း ငူငူငေါင်ငေါင်နဲ့။ အိမ်ကလူတွေလည်း ရုံးသွားကြတော့ တစ်ယောက်တည်းကျန်ခဲ့တာ။ လုပ်စရာလည်းမရှိဘူး။ စားချိန်တန်ရင် ကိုယ့်ဘာသာကိုယ် ကြာဇံပြုတ်စားရုံပဲ။ စာအုပ်လေးဖတ်လိုက် ဂိမ်းလေးဆော့လိုက်နဲ့ ကြာတော့ ခေါင်းတောင်မူးလာတယ်။ အားနေတာဆိုတော့ ဘာလုပ်ရင်ကောင်းမလဲလိုက်ကြည့်ရင်း ဗီရိုရှင်းဖို့စဥ်းစားမိတယ်။ ရှင်းရင်းနဲ့ထွက်ကျလာတဲ့ လက်ကိုင်ပု၀ါအပြာလေး။ သူဟိုတလောက တောင်ငူကန်တင်းမှာ နှာခေါင်းသွေးလျှံတုန်းက ဘယ်သူမှန်းမသိပေးလိုက်တာ။ အခုထိလည်း ကျေးဇူးတင်ရပါသေးတယ်။ ကိုယ်တိုင်ကျေးဇူးမတင်ရသေးလို့ ညဘက်ဘုရားရှိခိုးရင် မေတ္တာပို့ပါတယ်။ ပိုင်ရှင်ကို သေချာမကြည့်လိုက်ရလို့ လာပြန်တောင်းရင်ကောင်းမှာလို့ တွေးနေမိတာ။ မှတ်မိပါသေးတယ်။ အဲ့နေ့က သူငယ်ချင်းတစ်ယောက် အိမ်ကထည့်ပေးလိုက်တဲ့ ဟင်းမကောင်းလို့ဆိုပြီး တောင်ငူကန်တင်းထိ တကူးတကသွားစားခဲ့တာ။ ဒဂုံလမ်းကို နေပူကြီးထဲ ထီးမဆောင်းဘဲ လျှောက်ပြီး ကန်တင်းမှာ တခြားကျောင်းသားတွေနဲ့ကျိတ်ကျိတ်တိုးလိုက်တာ ထမင်းစားဖို့ထိုင်ပြီးမကြာဘူး နှာခေါင်းကသွေးတွေကျလာတာ။ ဆိုင်ကတစ်ရှူးအကြမ်းနဲ့လည်းမသုတ်ချင်တာနဲ့ နောက်လှည့်ပြီး အိတ်ထဲတစ်ရှူးရှာတုန်း လက်ကိုင်ပု၀ါကမ်းပေးလာတဲ့ လက်ဖြူဖြူလေး။ ယောက်ျားလေးလက်လို့တော့ထင်တာပဲ။ လက်ချောင်းတွေက ဖြူဖြူသွယ်သွယ်လေးတွေ။ လက်ဖမိုးမှာ သွေးကြောစိမ်းလေးတွေက ထင်းနေတာပဲ။ ကိုယ်လည်းအလျင်လိုတာနဲ့ ကျေးဇူးပါပြောပြီး လက်ကိုင်ပု၀ါကို ဆွဲယူလိုက်မိတာ။ သွေးထွက်တာ နည်းနည်းသက်သာတော့ သေချာကျေးဇူးတင်မလို့လှည့်ကြည့်တာ မရှိတော့ဘူး။ သူငယ်ချင်းတွေကိုမေးကြည့်တာ အသားဖြူဖြူကောင်လေးတစ်ယောက်လို့ပဲပြောတယ်။သူတို့လည်း ရေခဲဘူးတွေ စနိုးတာ၀ါတွေမှာ၊ ကိုယ့်စားလက်စချိုင့်ကိုသိမ်းပေးနဲ့ အလုပ်ရှုပ်သွားတာကိုး။ သူငယ်ချင်းတွေကြား ဖြူဖြူလျော့လျော့ကိုယ်က ကျန်းမာရေးချူချာတတ်တော့ ဂရုတော့စိုက်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာဆိုပေမယ့် အချင်းချင်းဂရုစိုက်ကြတော့ အခုထိတွဲမိနေတာ။ ပထမနှစ်တုန်းက ကိုယ်တို့နဲ့ပေါင်းတဲ့လူတွေရှိပေမယ့် အချင်းချင်းအဆင်ပြေတဲ့ ကိုယ်တွေလေးယောက်ပဲ တစ်အုပ်စုဖြစ်သွားတာ။ အဲ့ဒါကြောင့် အမေက တက္ကသိုလ်တက်ရတဲ့အချိန်က ပျော်ဖို့ကောင်းပြီး သူငယ်ချင်းတွေက ညီအစ်မတွေလိုပဲလို့ပြောတာဖြစ်မယ်။ အမေဆိုလည်း အခုထိ သူ့ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အတွဲညီနေတုန်း။ ကိုယ်လည်း တစ်နေ့ကျောင်းမတက်တာနဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းမှာ စားလိုက်သောက်လိုက်ဗရုတ်ကျလိုက်လုပ်နေရသလောက် မပျော်သလိုပဲ။ အဲ့နေ့တုန်းကဆို ကိုယ်ရော သူငယ်ချင်းတွေရော ပြာသွားတာ။ လက်ကိုင်ပု၀ါအပြာလေးဆို ချက်ချင်းရဲဗလောင်းခတ်သွားတာ။ ကိုယ်ကလည်း အထက်တန်းတုန်းက လူရည်ချွန်ရဖို့ တာတိုတွေ တာရှည်တွေ ပြေးခဲ့တဲ့လူမဟုတ်တဲ့အတိုင်းပဲ။ ဖြူဖျော့ပျော့ဖတ်လာလိုက်တာ။ ကိုကြီးကိုတွေ့ရဖို့ဆို နေကောင်းမှဖြစ်မယ်အမရာရေ...။
VOUS LISEZ
My Crush is in LOVE with ME!
Roman d'amourကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...