Unicode
"မမရေ မမ"
"ရှင်"
"လာလေ သွားမယ်"
"ဟင် ဘယ်ကိုလဲ"
"သင်္ကြန်လျှောက်လည်မယ်လေ"
"အမ် ကြိုလည်းမပြောဘူး"
"အမရာ"
မောင်နှမနှစ်ယောက်လုံး ရှိုးထုတ်လာလိုက်ကြတာ။ မနေ့ညက အိမ်ပြန်နောက်ကျလို့ ဒီနေ့နားနေကြတယ်ထင်တာ။ မနက်က အစ်ကိုနဲ့ဖုန်းပြောတော့လည်း ဘာမှမပြောဘူး။
"အစ်ကိုလည်းပါတာလား"
"အမ် ကဲကဲပြောတော့ အမရာ့ကိုပြောပြီးသားဆို အမရာလိုက်မယ်ဆိုလို့ ကိုယ်လိုက်လာတာ"
"မမ လိုက်ခဲ့ပါနော် ကိုလေးကိုမနည်းခေါ်လာရတာ"
"ကဲကဲ နင် ငါ့ကိုလိမ်ပြီးခေါ်လာတာလား"
"ရောက်နေမှတော့ ရန်ဖြစ်မနေပါနဲ့တော့ ခဏလေးစောင့် ကြိုပြောရင်ပြင်ထားတာပေါ့"
"မောင်နှမတွေ ဘယ်သွားကြမလို့လဲ"
"ဒေါ်ဒေါ် ကဲကဲ မဏ္ဍပ်ထိုင်ချင်လို့ မမကိုလာခေါ်တာ ခေါ်သွားမယ်နော်"
"မနေ့ကတော့ ဘာမှမပြောကြဘူး အငယ်လေး လိုက်မယ်ဆိုသွားပြင်တော့လေ အနွေးထည်ထူထူယူသွားနော်"
"ဟုတ် မေကြီး"
"ကလေးတွေ ရေသွားဆော့ကြမလို့လား ဂရုစိုက်ကြဦးနော်"
"ဟုတ် ဦးလေး ကိုလေးလည်းပါတာပဲဟာ ဟီး"
သူတို့တွေ စကားပြောနေကြတုန်း အမြန်ပြင်ရဆင်ရတယ်။ တီရှပ်မိုးပြာရောင်တစ်ထည်နဲ့ ဂျင်းဘောင်းဘီအရှည်ပဲ ဝတ်လိုက်တယ်။ ဟူဒီအထူတစ်ထည်ယူသွားမယ်။ မျက်နှာရော ခြေတွေလက်တွေရော Sun cream ပဲလိမ်းလိုက်တော့မယ်။ ပြင်လည်းပျက်မှာပဲ။ ဆံပင်ကိုတော့ မေကြီးကို ကျစ်ခိုင်းရမယ်။ အကုန်အဆင်ပြေပြီ။ ဆွဲကြိုးပဲ။။
"မေကြီး မီးကိုကျစ်ဆံမြီးကျစ်ပေးပါဦး"
"လာ ဒီနားလာထိုင်"
"မမ ဘာမှမပြင်တော့ဘူးလား"
"ဟင့်အင်း ရေစိုရင်ပျက်သွားမှာပဲဟာ အစ်ကို ဆွဲကြိုးကဆွဲသွားရမှာလား ကျပျောက်မှာစိုးလို့"
ESTÁS LEYENDO
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...