Like a dream!

2.6K 139 0
                                    

Unicode

အစ်ကိုမျက်လုံးနဂါးငွေ့တန်းထဲမှာ တော်တော်ကြာအောင် ကူးခတ်နေမိတယ်။ အဖွားချောင်းဟန့်မှပဲ အကြည့်လွှဲဖြစ်ကြတယ်။ အစ်ကိုကတော့ သူ့မူပိုင်ကိုယ်ဟန် လည်တိုင်ကိုပွတ်နေသေးတယ်။

"အဟမ်း ပြီးရင်လည်းပြန်ကြတော့ ငါအိပ်ချင်ပြီ"

"လာ မေမေ ကျွန်တော်အထဲလိုက်ပို့ပေးမယ် ကိုမြတ်တို့ ကျွန်တော့ကိုခွင့်ပြုပါဦး မိန်းမ ကိုမြတ်တို့ပြန်ရင် တစ်ချက် လာပြောဦး"

"ရပါတယ် ကျွန်တော်တို့လည်းပြန်တော့မှာ အန်တီ ကျွန်တော်တို့ကိုခွင့်ပြုပါဦး"

"အေး အေး နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့"

"ဟုတ်ကဲ့ ကိုဘုန်း ညီမစန္ဒာ အစ်ကိုတို့ကိုခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါ"

"သားငယ် ကိုမြတ်တို့ကိုပြန်လိုက်ပို့ဖို့ကားထုတ်လိုက်ဦး"

"အမရာ ခဏလိုက်ခဲ့ဦး"

"ရှင်"

"အငယ်လေး ဖေကြီးတို့ဒီနားကပဲစောင့်နေမယ်"

"ဟုတ်"

ကားဂိုဒေါင်ဘက်ကို အစ်ကိုဆွဲခေါ်လာတော့ အနောက်မှာမေကြီးတို့ စကား‌စမြည်ပြောပြီးကျန်ခဲ့ကြတယ်။ ကားပေါ်ရောက်တော့ အစ်ကိုက ကိုယ့်ပုခုံးနှစ်ဖက်ကို သူ့ဘက်ကိုဆွဲလှည့်လိုက်တယ်။

"အမရာ"

"ရှင်"

"ခုနက တကယ်ခေါင်းညိတ်လိုက်တာနော်"

"ဟုတ်"

"အား ပျော်လိုက်တာကွာ"

ပျော်လိုက်တာဆိုပြီး လူကိုဆွဲဖက်လိုက်တာ အင့်ခနဲပဲ။ ပြန်ပဲဖက်ရမလား။ လက်ကိုဘယ်နားထားရမလဲမသိ ဖြစ်နေတုန်း ဖက်ထားတာကလွှတ်ပြီး အမရာ့ကိုတည့်တည့်စိုက်ကြည့်ပြီးပြောလာတဲ့ စကားလုံးလေးတွေက ရင်ခုန်ဖွယ်အတိ။

"ချစ်တယ် အမရာ"

ခေါင်းပဲတွင်တွင်ငုံ့နေမိတော့တယ်။ ရင်ဘတ်ထဲကအကောင်ပေါက်ကလည်း ဆယ်ကျော်သက်လေးလိုပဲ ခုန်ပေါက်နေလိုက်တာ။ အစ်ကိုကြားသွားတော့မှာပဲ။

My Crush is in LOVE with ME!Dove le storie prendono vita. Scoprilo ora