Unicode
ကြားရက်သုံးရက်ကလည်း အိပဲ့အိပဲ့နဲ့ ကုန်သွားတယ်။ ကိုယ့်အတွက်သာပိတ်ရက် အိမ်ကလူတွေအတွက်က ရုံးတက်ရက်ကြီးကိုး။ အမှန်တော့ အမရာက ဂျပန်စာသင်တန်းတက်ချင်တာ။ ဖေကြီးကမလိုရင် မတက်နဲ့ဦးဆိုလို့။ ကျောင်းက မြန်မာစာဌာနမှာ သင်တန်းရှိတယ်ပြောတော့ မေကြီးက ကျောင်းပြန်ဖွင့်မှတက်တဲ့။ မနက်ဖြန်တော့ ကားမောင်းသင်တန်းရှိတယ်။ ဖေကြီးကို သင်ပေးပါလို့ပြောတော့ ကားပေါ်က ခလုတ်တွေလောက်ပဲပြပေးတယ်။ "နင်တက်မောင်းရင် ငါ့ကားထိမှာစိုးလို့" တဲ့။ အမရာလည်း ကားပေါ်တက်မမောင်းတော့ဘူး။ ကားဝယ်ပေးမှာလားမေးတော့လည်း ပိတ်ရက်တွေကျ မိသားစုလိုက် အပြင်သွားရင် နင်တို့ကိုမောင်းခိုင်းလို့ရအောင်တဲ့။ ကားဝယ်ရင်လည်း မမကိုအရင်ဝယ်ပေးမယ်နဲ့တူပါတယ်။ မမက ရုံးကို Grab နဲ့သွားနေရတာ။ ကားလေးနဲ့ဆိုတော့ တင့်တင့်တယ်တယ်ပေါ့။ အမရာကကျ ကျောင်းကို ဖယ်ရီနဲ့သွားလို့ရတယ်လေ။ သင်တန်းက သင်ပေးမှာက ဆရာတွေချည်းပဲဆိုတော့ စိတ်မချတာနဲ့ မမနဲ့တူတူသင်ဖို့ဖြစ်လာတယ်။ မမလည်း ပိတ်ရက်ဆိုအားလို့တော်သေးတယ်။ မဟုတ်ရင် အမရာလည်း သူစိမ်းယောက်ျားတစ်ယောက်နဲ့ ကားတစ်စီးတည်းစီးရဲမှာမဟုတ်ဘူး။ အဲ့လိုပြောလို့ သူနဲ့ကျတော့ရောလို့မေးရင် ဖြေပါမယ်။ သူကသူမို့လို့ပါ။ သူဆိုမှသတိရသွားပြန်ပြီ။ သူ့ပုံမဆွဲရသေးဘူး။ ဘယ်ပုံလေးဆွဲလို့ကောင်းမလဲ ရှာရဦးမယ်။ မွေးနေ့လက်ဆောင်ဆိုတော့ သူအမှတ်တရဖြစ်မယ့်ပုံဆိုကောင်းမယ်။ ပုံကတော့ ဆုကိုစင်ပေါ်တင်ထားပြီး တစ်ဖက်မှာ ဘက်စကက်ဘောလုံးပိုက်ထားတဲ့ပုံတွေ့ထားတယ်။ ခဲနဲ့ပဲဆွဲပြီး ဘောင်ခတ်ပေးလိုက်မယ်။ သူ့ပုံအောက်မှာ ကဗျာတစ်ပုဒ်လောက်ပါ ရေးပေးလိုက်ရင်ကောင်းမယ်။ ရေဆေးနဲ့ဟာကိုတော့ ရှုခင်းမဆွဲပဲ တခြားတစ်ခုဆွဲဖို့ စဥ်းစားပြီးပြီ။ လက်ကိုင်ပုဝါအပြာလေးပေါ်က နှင်းဆီပန်းပုံလေး ဆွဲမယ်တော့ စိတ်ကူးတာပဲ။
"Hi အမရာဘာလုပ်နေလဲ"
"ပုံဆွဲနေတာ"
"ဘာပုံလဲ"
"တစ်ယောက်ယောက်က မွေးနေ့လက်ဆောင်ဆိုပြီး ပုံအပ်ထားတာလေးရှိလို့"
ESTÁS LEYENDO
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...