Unicode
မင်္ဂလာပွဲပြီးတော့ မိဘတွေက အိမ်ခဏပြန်သွားကြတယ်။ ညနေကျ သူငယ်ချင်းတွေနဲ့ချည်းပဲ အသေးစားပါတီလေးလုပ်ဦးမယ်။ ညနေကျရင်လည်း ထပ်လာရဦးမှာကို တစ်နေ့ခင်းလုံး ဓာတ်ပုံပတ်ရိုက်နေကြတာနဲ့ ညနေသုံးနာရီထိုးသွားတယ်။ ညနေပိုင်းပါတီက ငါးနာရီစမှာဆိုတော့ ကိုယ့်အမျိုးသမီးလည်း ခဏပဲနားရတယ်။ ညနေပါတီအတွက် ပြင်ရဆင်ရပြန်တယ်။ ကိုယ်က ယောက်ျားလေးမို့ ဘာမှပြင်စရာမရှိပေမယ့် အဝတ်အစားကျ ဂရုစိုက်ရသေးတာ။ ကိုယ့်အမျိုးသမီးက မိန်းကလေးဆိုတော့ ပိုပင်ပန်းတော့မှာပဲ။ မနက်တုန်းကလိုမဟုတ်ဘဲ သူပြင်ဆင်နေတဲ့အခန်းကို လိုက်သွားလို့ရလို့တော်သေးတယ်။ ဆွဲထားမယ့်သူတွေမရှိတော့ဘူး။
"ကိုလေး ဘယ်လဲ"
ပြောလို့မှမဆုံးသေးဘူး။ အမရာ့အခန်းထဲကနေ အိမ်က အငယ်မထွက်လာတယ်။
"ငါ့မိန်းမဆီလေ"
"အမယ်လေး လက်ထပ်ပြီးတာမှ နေ့တစ်ပိုင်းတောင်မပြည့်သေးဘူး"
"ဘာဖြစ်လဲ ငါ့မိန်းမငါခေါ်တာ"
"နေပါဦး မမကအဝတ်အစားလဲနေတုန်း အဲ့ဒါကြောင့် ကဲကဲတောင်ထွက်လာတာ"
"အေးပါ အေးပါ"
သူနဲ့အတူ အခန်းရှေ့မှာ ရပ်စောင့်နေရတယ်။
"မမဖုန်းဆက်တာ ခဏလေး ကိုလေးဝင်မလာနဲ့ဦး"
"အေးပါ"
သူကျဝင်သွားပြီး။ ခဏကြာတော့မှ ကဲကဲထွက်လာတယ်။
"ကိုလေး လာတော့ ရပြီ"
အခန်းထဲဝင်သွားလိုက်တော့ ကိုယ့်အဖြူရောင်နတ်သမီးလေးက မှန်ရှေ့မှာ ကြွကြွရွရွလေး။ ဆွဲဖက်လိုက်ရင် ကြွေကျသွားမှာတောင်စိုးရတယ်။
"ကိုလေး ဖြည်းဖြည်းကြည့် တစ်သက်လုံးလည်းကြည့်သွားရမှာ"
"နင်ခဏနေစမ်းပါ အမရာ လှလိုက်တာ"
ရှက်ပြုံးလေးတစ်ပွင့် ရလာပြန်ပြီ။
"ကဲကဲ ကိုခန့်ကိုတွေ့မိသေးလား ဪ ဒီရောက်နေတာလား"
"မေမေတို့တောင် ပြန်လာပြီလား"
"အေးလေ နင်ကဒီမှာဘာလာလုပ်နေတာလဲ"
YOU ARE READING
My Crush is in LOVE with ME!
רומנטיקהကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...