When love comes to me

5.2K 257 0
                                    

Unicode

ဒီနေ့ ဘက်စကက်ဘောကစားပွဲပြိုင်မယ့်အသင်းတွေက ကောင်းတယ်လို့ပြောလို့ ထမင်းစားချိန်လေး အပြေးအလွှားလာကြည့်ရတယ်။ သူငယ်ချင်းကောင်းယောက်မတွေကတော့ မနက်တည်းက အတန်းလစ်ပြီးတော့ လာအားပေးနေကြတယ်။ ကိုယ့်မှာတော့ အတန်းလစ်ရင် စာတွေပျက်မှာကြောက်တာရယ် ကိုယ်ပါပျက်ရင် တစ်ဖွဲ့လုံး နောက်ရက်ကျယောင်ချာချာဖြစ်မှာရယ်စိုးတာနဲ့ အတန်းတက်ပြီး သူတို့ဆီပြေးလာရတယ်။ ထမင်းစားချိန်ပြီးရင်တော့ အကုန်လုံး အတန်းလိုက်တက်ကြမယ်ပြောတာပဲ။ အဖွဲ့လိုက် Presentation ရှိတာကိုး။ ဟော... တွေ့ပါပြီ။ ဟိုဘက်ခြမ်းက ပွဲကြည့်စင်ပေါ်မှာ။ ကစားပွဲတွေ နားထားတုန်းမို့ တော်သေးတယ်။ ကစားနေကြတုန်းဆို ကိုယ်ဖြတ်ရဲမှာမဟုတ်ဘူး။ ဘာလို့ဆို ဟိုဘက်ခြမ်းကိုရောက်ဖို့ ဂိုးတိုင်အောက်ကဖြတ်ရမှာ။ နောက်ပွဲကစားမယ့်ကစားသမားတွေတော့ သွေးပူအောင် လေ့ကျင့်နေကြပေမယ့် ဘောလုံးတော့ လာမမှန်လောက်ပါဘူးလေ။ သူတို့ပစ်နေတာ ဖြည်းဖြည်းလေးရယ်။

"ဖုန်း!!!"

"အ့..."

အမရာရေ... ကံတွေနိမ့်နေသလားမသိပါဘူး။ မမှန်လောက်ပါဘူးဆိုပြီး ဖြတ်လျှောက်ခါမှ ဘောလုံးက မျက်နှာတည့်တည့်ပဲ။ လည်ပင်းတစ်ခုလုံးလည်ထွက်သွားသလိုပဲ။ ညာဘက်မျက်နှာတစ်ခြမ်းလုံးစုတ်ပြီထင်ပါရဲ့။ စာကြည့်မျက်မှန်လေးသာ တပ်လာမိရင် ကျိုးမှာသေချာတယ်။ တော်သေးတယ် မျက်လုံးကိုမထိလို့။ လူတွေလည်း ဝိုင်းကြည့်နေမှာပဲ။ ရှက်လိုက်တာ။ ပစ်လိုက်တဲ့တစ်ယောက်ရော သူငယ်ချင်းတွေရော ဆွဲခေါ်တာနဲ့ ကြက်ခြေနီအသင်းဆီ ဘယ်လိုရောက်လာလဲတောင် မသိလိုက်ဘူး။ မျက်နှာကို ရေခဲကပ်ပေးကြမှပဲသက်သာတော့တယ်။ နှာခေါင်းလည်း သွေးတွေထွက်လို့။ ဒီလိုပုံနဲ့ အတန်းတက်ဖို့ နေနေသာသာ အိမ်တောင်ဘယ်လိုပြန်ရပါ့မလဲ။ ဘောလုံးပစ်လိုက်တဲ့ တစ်ယောက်ကလည်း ဘေးကနေ ရရဲ့လား ဆိုပြီး ပြာလို့။ အခုမှသေချာကြည့်မိတယ်။ ပစ်လိုက်တဲ့လူက ခန့် ပဲ။ အစကတော့ သူ့ကိုအားပေးမလို့ကို အခုတော့ စိတ်ကပြောင်းသွားပြီ။ အခုလိုအခြေအနေကြီးနဲ့ ဘယ်လိုအားပေးရတော့မှာလဲလို့။ ကြက်ခြေနီအသင်းကလုပ်ပေးတာ ငြိမ်ခံရင်း သူ့ကို အကဲခတ်နေမိတာ။ အနီးကပ်ကြည့်လိုက်တော့ အရပ်ကအရှည်ကြီးပဲရော။ ခန္ဓာကိုယ်က သင်္ချာက စီနီယာအစ်ကိုတို့၊ တောင်ငူဆောင်က ဂျပန်ကောင်လေးတို့နဲ့ယှဉ်ရင် သေးတယ်ထင်ရပေမယ့် တောင့်တောင့်ဖြောင့်ဖြောင့်လို့ပြောရမယ့်ထဲ ပါတယ်။ မျက်နှာကလည်း ယောက်ျားပီပီသသပါပဲ။ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး မျက်ခုံးထူထူတွေကို ထိလုမတတ် မျက်မှောင်ကြုံ့ထားတာ နည်းနည်းတော့ကြောက်ဖို့ကောင်းတယ်။ နေပါဦး။ သူအခုပြုံးလိုက်တာလား။

My Crush is in LOVE with ME!Donde viven las historias. Descúbrelo ahora