I'm sorry...

2.4K 151 4
                                    

Unicode

နေမကောင်းဖြစ်ပြီး သုံးရက်လောက်ကြာမှ ကျောင်းပြန်တက်နိုင်တယ်။ ပင်လုံဆောင်ရှေ့ရောက်တော့ အစ်ကို့ကားလေးကို လှမ်းမြင်လိုက်တယ်။ ကားပိုင်ရှင်ကတော့ အမရာ့ကိုတွေ့တာနဲ့ ချက်ချင်း‌ပြေးလာတာ အနားကိုဘယ်လိုရောက်လာလဲတောင်မသိဘူး။

"အမရာ နေကောင်းသွားပြီလား"

မေးရင်း နဖူးဆီလှမ်းလာတဲ့လက်ကို ရှောင်မိတယ်။ ကိုယ်နေမကောင်းတာ သူသိပြန်ပြီလား။

"အမရာဖုန်းပိတ်ထားလို့ အစ်မအလင်္ကာဆီဆက်လိုက်တာ ဒီတစ်ခါနေမကောင်းဖြစ်တာ တော်တော်ဆိုးတယ်ဆို ဆေးပါသွင်းလိုက်ရတယ်ဆို"

"..."

"ပြန်ဖြေပါဦး အမရာရယ် ကိုယ်စိတ်ပူနေတာ"

"အာစီအနောက်ဘက်မှာ သွားထိုင်ရအောင်"

"အင်း အမရာအတန်းမရှိဘူးလား"

"အင်း ရတယ်"

အာစီနောက်ကခုံတန်းလေးတွေဆီမရောက်ခင် စကားလုံးစီနေမိတယ်။ ကိုယ့်အတွက်သူ့မှာ အရမ်းစိတ်ပူနေရှာတာ။ မတတ်နိုင်ဘူး။ တောင်းပန်ပါတယ်အစ်ကို။ အမရာဘယ်လိုမှမတတ်နိုင်တော့လို့ပါ။

"ကိုခန့်"

"အမ် အင်း"

"အမရာပင်ပန်းနေပြီ"

"အဲ့ဒါဆို ဒီရက်ပိုင်းကျောင်းမတက်ပါနဲ့လား အိမ်မှာပဲနားလေ အမရာဘာစားချင်လဲ ကိုယ်နေ့တိုင်းပို့ပေးမယ်"

"မဟုတ်ဘူး"

"သိတယ် မပြောနဲ့ အဲ့စကားပြောမယ်ဆိုမပြောပါနဲ့ ကိုယ်တောင်းပန်ပါတယ် အမရာပဲ ကိုယ်အမရာ့ဘက်မှာ ရှိရင်ရတယ်ဆို အစ်ကို့ကိုမစောင့်ပေးနိုင်တော့ဘူးလား ဖွားဖွားသဘောမတူလည်း ကိုယ်တို့ထွက်‌ပြေးကြမယ်လေ နော်"

"ကိုခန့် အတ္တအရမ်းကြီးတာပဲ အခုအခြေအနေကိုလည်းကြည့်ဦး ကိုခန့်လည်းပင်ပန်းတယ် အမရာလည်း ပင်ပန်းတယ် တစ်ဖက်က မတွယ်တာတို့ဘက်မှာလည်း စီစဥ်ပြီးသားဖြစ်နေတဲ့ပုံပဲ အချင်းချင်း မျက်နှာပျက်ရမယ့်အလုပ်တွေ မလုပ်စေချင်ဘူး"

နှစ်ရက်လောက်လေ့ကျင့်ထားရတဲ့ စကားလုံးတွေက အထစ်အငေါ့မရှိထွက်လာတယ်။ မျက်ရည်မကျဖို့ပဲ လိုတော့တယ်။

My Crush is in LOVE with ME!Where stories live. Discover now