Unicode
ဒီနေ့သင်တန်းသွားတော့ ဖေကြီးလိုက်ပို့ပေးတယ်။ ဖေကြီးရုံးကလည်း မြို့ထဲမှာပဲဆိုတော့ အသွားက အဆင်ပြေတယ်။ သင်တန်းဆင်းတဲ့အချိန် ဖေကြီးလာကြိုမှာ။ နေ့လည်စာအတူစားပြီးမှပြန်တဲ့။ သင်တန်းရောက်တော့ အချင်းချင်းမိတ်ဆက် လိုတဲ့ပစ္စည်းတွေမပါလာတဲ့သူတွေက သင်တန်းက စျေးတင်ထားတာတွေဝယ်နဲ့ စသင်တော့ ဆယ်နာရီထိုးတော့မယ်။ သင်တန်းလာတက်ကြတာ ကလေးတွေများတယ်။ သင်တန်းဆင်းတော့ သူတို့မိဘတွေလာကြိုကြဘာညာ ဝရုန်းသုန်းကားနဲ့ လူနည်းနည်းရှင်းမှပဲ အပြင်ထွက်ဖြစ်တော့တယ်။ အပြန်ကျ နေ့လည်စာစားပြီး ဖေကြီးက ကားဂိတ်ထိလိုက်ပို့ပေးတယ်။ ကျောင်းသွားရင်ဖယ်ရီစီးတာပဲများတော့ သွားတတ်လာတတ်အောင်ဆိုပြီး လိုင်းကားစီးခိုင်းတာပဲ။ ကားချောင်ရင်ကိစ္စမရှိပေမယ့် ကားတိုးစီးရရင်တော့ တော်တော်စိတ်ညစ်ရတာ။ နေ့ခင်းဘက်မို့ကားချောင်လို့သာတော်တော့တယ်။ အိမ်ပြန်ရောက်တော့ ဘာမှမလုပ်ဘဲ အိပ်လိုက်တော့တယ်။ နိုးလာတော့ ညနေငါးနာရီထိုးနေပြီ။ ဖုန်းကိုကြည့်လိုက်တော့ အစ်ကို့ဆီကစာရောက်နေတယ်။ "ဒီနေ့ အဆင်ပြေရဲ့လား" တဲ့။ "အိပ်နေတယ်ဆိုရင် ညဘက်ရောက်တဲ့ထိမအိပ်နဲ့ဦး" တဲ့။ ကိုယ်အိပ်နေတာ သူဘယ်လိုသိလဲ။ တကယ်ကြီး အမရာ့အကြောင်း အကုန်သိနေတာပဲလားဟ။ အခုလိုင်းပေါ်မှာရှိနေတာပဲ။ Seen ပြပြီးမှတော့ စာပြန်ပို့ဦးမှပါ။
"နိုးပြီ"
"အိပ်ရေးဝရဲ့လား"
"ဟုတ် အမရာအိပ်နေတာဘယ်လိုသိလဲ"
"အစ်ကိုလည်း ညနေဘက် training ဆင်းပြီးပြန်လာရင်ခဏတဖြုတ်အိပ်တတ်တယ်"
"ဪ"
"ဒီနေ့အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ်"
"သင်တန်းကလူများလား"
"သိပ်တော့မများပါဘူး ကလေးတွေချည်းပဲ"
နှာခေါင်းကလေမှုတ်ထုတ်နေတဲ့emojiလေးပို့တော့ haha ပေးတယ်။
"ကလေးတွေကြားထဲ ကလေးဗိုလ်ဖြစ်နေတာပေါ့"
"မဟုတ်ပါဘူးနော် ဟွန့်"
Haha နောက်တစ်ခုရောက်လာပြန်ပြီ။ အစ်ကိုဒီနေ့အူမြူးနေတယ်ထင်ပါ့။
ESTÁS LEYENDO
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...