You'll hear my wish if...

3.2K 210 3
                                    

Unicode

ပြန်ရောက်တော့ သူ့ဆီ ပြန်ရောက်ကြောင်းအစီရင်ခံစာပို့ပြီး ခဏနားလိုက်တယ်။ ရေမိုးချိုးထမင်းစားပြီး ကြည့်လိုက်တော့ သူ့ဆီက စာရောက်နေပြီ။ "ဘာလုပ်နေလဲ" တဲ့။ ထပ်ပို့ထားသေးတယ်။ "အိပ်နေတာလား" တဲ့။ စာမပြန်လို့နဲ့ တူတယ်။ ပြီးတော့ ဘာမှထပ်မပို့တော့ဘူး။ အစ်ကိုကို့ သဘောကျတာ အဲ့လိုအလိုက်သိတာလေးတွေပါတယ်။ စကားပြောဖို့မအားလို့ ဒီတိုင်းထားလိုက်ရင် ဘာမှဆက်မပြောတော့တာ။ စာတွေဆက်တိုက်ပို့မနေဘူး။ ဖုန်းဆက်တိုက်ခေါ်မနေဘူး။ စာလုပ်နေရင် တိတ်တိတ်လေးနေပေးတာ။ ပထမဆုံးစကားလာပြောတဲ့ညကလွဲပြီး ကျန်တဲ့ညတွေ အိပ်ရင် ၁၂ နာရီ အကျော်မခံတာ။ သူပေးထားတဲ့မျက်စိဆေးသောက်ဖို့ သတိပေးတတ်တာ။ အဲ့လိုဂရုစိုက်နေတာလေးတွေက ကိုယ့်မျက်လုံးထဲ အလိုလိုချစ်ဖို့ကောင်းနေတာ။ ထမင်းစားရေသောက်အကုန်တဖွဖွလိုက်ပြောနေတာမျိုး မဟုတ်ဘဲ အလိုက်သိတတ်တာလေးကို သဘောကျတာ။

"မအိပ်ပါဘူး အခုပဲထမင်းစားပြီးတာ"
"ဒီညဘာလုပ်ဖို့ရှိလဲ"

"ဘာမှတော့မရှိပါဘူး ဘာလို့လဲ"

"ဘာရယ်မဟုတ်ပါဘူး ဂိမ်းဆော့ဦးမှာလား"

"ဟုတ်"

"ဂိမ်းမဆော့ခင် ကျွန်တော်နဲ့စကားပြောလို့ရလား"

"ဟုတ်"

"နွေရာသီအတွက် ဘာအစီအစဥ်ရှိလဲ"

"သင်တန်းတွေတက်ဖို့ရှိတယ်"

"ဘာသင်တန်းတွေလဲ"

"ကားမောင်းသင်တန်းနဲ့ ပန်းချီသင်တန်း"

"ကား‌မောင်းတတ်သွားရင် ကိုယ်တိုင်ကားမောင်းရင်းကျောင်းတက်မှာလား?"

"အာ့တော့မသိသေးပါဘူး အဖေကသင်ထားဆိုလို့ ဘာလို့လဲ"

"ကျွန်တော်အကြိုအပို့မလုပ်ပေးရတော့မှာစိုးလို့"

အစ်ကိုက အဲ့လိုထဖောက်တတ်ပါသေးတယ်။

"ဘယ်သူကလိုက်စီးမယ်ပြောလို့လဲ"

"နောက်ကျလိုက်စီးဖြစ်မှာပေါ့"

"..."

အစ်ကိုက ကိုယ့်ကိုအပိုင်တွက်ထားတာလား ယုံကြည်မှုတွေလွန်ကဲနေတာလားတော့မသိဘူး။ ကိုယ့်မှာတော့ ပြောစရာစကားတွေပျောက်ရတယ်။

My Crush is in LOVE with ME!Where stories live. Discover now