Let's trick Ko Gyi!

2.9K 169 4
                                    

Unicode

နောက်နေ့ကျတော့ အန်တီနဲ့ကဲကဲနဲ့ မုန့်တွေဝယ်ပြီးရောက်ချလာတယ်။

"မမရေ ကဲကဲတို့လာလည်တယ်"

"လာလေ ညီမလေးလာထိုင် ကဲကဲလေးလည်းလာ ဒီနေ့ကျောင်းမသွားရဘူးလား"

"မသွားရဘူးဒေါ်ဒေါ် ကျောင်းပိတ်ထားတယ်လေ"

"ဪ ဒေါ်ဒေါ်တို့လည်း ကျောင်းပိတ်ရက်တွေတောင် မသိတော့ပါဘူးကွယ်"

"အစ်မ နေကောင်းတယ်နော်"

"ကောင်းပါတယ်ရှင် အဖေကြီးရေ ကိုခန့်တို့အမေလာလည်တယ် အငယ်လေးရော ဘယ်ရောက်နေလဲ"

"ဟော ဧည့်သည်တွေရောက်နေတာကိုး အငယ်လေးရေ ကော်ဖီဖျော်ခဲ့ပါဦး"

"ရပါတယ်ရှင် အငယ်လေးရေ ဖျော်မနေနဲ့ မုန့်တွေဝယ်လာတယ် ဒီလူနဲ့ဒီလူပဲကို ဧည့်သည့်တွေဖြစ်ပါ့မလား"

"ဟုတ်ပါ့ဗျာ ဟား ဟား"

ဒီက ရေချိုးပြီး အဝတ်အစားဝတ်နေတုန်းမို့လို့ကို။ တစ်ယောက်တစ်ပေါက်နဲ့။ မဖျော်တော့ဘူးကွာ။

"ကဲကဲက သူ့မမကိုလွမ်းလို့ဆိုတာနဲ့လာလိုက်တာအစ်မရေ အစ်ကိုတို့ အစ်မတို့နေကောင်းတယ်နော်"

"ကောင်းပါ့ဗျာ"

"ဟော မမ မီးလာခဲ့မယ် လူကြီးတွေစကားပြောပါစေ"

ကဲကဲတစ်ယောက် ကိုယ့်ကိုမြင်တာနဲ့ပြေးလာတော့တာပဲ။ ကိုယ့်မှာသူဆွဲခေါ်တာနဲ့ အခန်းထဲပြန်ရောက်လာတယ်။ ပြီးတော့ ကိုယ့်ကိုဖက်ပြီး ငိုတော့တာပဲ။

"မမက နေနိုင်လိုက်တာ ဟီး ကဲကဲတို့ကလွမ်းနေတာကို ဟင့် မမနဲ့ပြတ်တုန်းက ကိုကိုဆိုဆောက်တည်ရာမရဘဲ"

"ကဲပါ ခေါင်းကိုက်နေမယ် မငိုနဲ့တော့ တိတ် တိတ် လိမ္မာတယ်"

"ဟုတ်"

မျက်ရည်တွေသုတ်ပေးလိုက်တော့လည်း အငိုတိတ်သွားသား။ ငိုထားတဲ့အရှိန်နဲ့ နှာကတရှုံရှုံ။

"မမမေးစရာရှိလို့ ကိုခန့်တို့မင်္ဂလာပွဲကဘယ်လိုဖြစ်သွားတာလဲ"

"ကဲကဲကလည်း ရွှတ် ပြောပြချင်လွန်းလို့လာတာ ရွှတ် မနေ့ညက ပြန်သွားတော့ ကိုလေးဘာမှမပြောပြဘူး မဟုတ်လား ရွှတ်"

My Crush is in LOVE with ME!Donde viven las historias. Descúbrelo ahora