Unicode
ဒီနေ့ ချစ်သူများနေ့။အမရာ့အတွက်တော့ ထုံးစံအတိုင်း ဘာလက်ဆောင်မှမရပါဘူး။ သူငယ်ချင်းတွေကျွေးတဲ့ ချောကလက်တော့ရှိပေမယ့် ကိုယ်က ချောကလက်မှမကြိုက်တာ။ သူ့ကိုတော့သတိရမိသား။ သူကတော့ လက်ဆောင်တွေချောကလက်တွေရကြောင်း facebook story မှာ တင်ထားသေးတယ်။ သူလည်း bballer အလျောက် နာမည်တော့ရမှာပေါ့လို့တောင် တွေးမိသေးတယ်။ ကိုယ်ကတော့ အစတည်းကပေးဖို့ စိတ်ကူးမရှိဘူး။ သတ္တိလည်းမရှိဘူး။ ဒီတိုင်း တိတ်တိတ်လေးပဲနေမလို့။ ဒီကြားထဲလည်း သူနဲ့ ကိုယ်နဲ့စကားမပြောဖြစ်ဘူး။ တစ်ချို့ post တွေကျ အချင်းချင်း react ပေးတာလောက်ရှိပေမယ့် comment တောင်မပေးဖြစ်ဘူး။ သူငယ်ချင်းတွေကတော့ နင်သူ့ကို တကယ်မကြိုက်လို့ ဘာမှမခံစားရတာလို့တော့ ပြောတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ပဲသိတယ်။ ဒီတိုင်းလေး သူ့ကိုလည်း ကိုယ့်အချစ်ကြောင့် နေရမခက်စေချင်သလို ကိုယ်လည်း အေးအေးချမ်းချမ်းလေးပဲ ချစ်နေချင်တာ။ ဒီနေ့လည်း အရင်နှစ်တွေလိုပဲ အေးအေးဆေးဆေးပဲလို့ ခံစားနေရတယ်။ Linguistics ချိန်ကလည်း ဒီနေ့မှ စိတ်၀င်စားဖို့ ကောင်းနေသလိုပါပဲ။ ရင်တုန်စရာက ထမင်းစားချိန်မှစတာ။ ဒီနေ့တော့ ကန်တင်းမသွားတော့ဘဲ အတန်းထဲမှာ ထမင်းစုစားကြခါမှ စုကထပြောမှသိရတာ "နင့်ခန့်က တစ်ယောက်ယောက်ကို ချောကလက်သွားပေးတယ်နဲ့တူတယ်တဲ့" သူတင်ထားတဲ့ myday ကိုလည်းပြသေးတယ်။ ကိုယ့် acc နဲ့ ကိုယ်လည်း ၀င်မကြည့်ရဲတော့ဘူး။ ကိုယ်မဟုတ်မှန်းသိနေလို့လားပဲ။ ဘယ်လောက်ပဲသွေးအေးပါတယ်ပြောပြော သူရည်းစားရတော့မယ်ဆိုပြီး တွေးမိတော့ ရင်ပူရတာပဲ။ ပို့စ်ကတ်လေးတွဲထားတဲ့ ချောကလက်လေးနဲ့ နှင်းဆီပန်းနီနီလေးက ကိုယ့်ကို ဖုန်းထဲကနေ လှမ်းပြောင်ပြနေသလိုပဲ။ တစ်မနက်လုံးစာသင်လို့ကောင်းနေပြီး နေ့ခင်းဘက်ရောက်မှ ရင်ထဲခဲဆွဲထားသလိုပဲ။ အိမ်ပဲအမြန်ပြန်ချင်တော့တယ်။ အဲ့ဒါကြောင့် ရယ်ပြီးရင်ငိုရတတ်တယ်လို့ပြောကြတာလားမသိဘူး။ ငိုတော့မငိုချင်ပေမယ့် နှမြောတာပေါ့။ ကိုယ်တစ်ဖက်သတ်ချစ်ရတဲ့သူက ကိုယ်မဟုတ်တဲ့တစ်ယောက်ကို ကြိုက်နေတာကိုး။ နေ့ခင်းဘက်အတန်းချိန်တွေလည်းပျင်းတိပျင်းတွဲနဲ့ပဲ ပြီးသွားတယ်။ ပုံမှန်လို့ပဲထင်ထားတဲ့ ချစ်သူများနေ့က ဒီနှစ်မှ အထူးအဆန်းတွေချည်းပဲ။ ဖယ်ရီပေါ်ရောက်တော့ ကားသမားဦးလေးကြီးက ကောင်လေးတစ်ယောက်လာပေးသွားတာဆိုပြီး နှင်းဆီပန်းတစ်ပွင့်လာပေးတယ်။ ကောင်လေးက ဘယ်လိုပုံလဲမေးတော့လည်း အရပ်ရှည်ရှည် အသားဖြူဖြူလို့ပဲပြောလာတယ်။ သူများလားလို့ တွေးမိပြီး ရင်ထဲထိတ်ခနဲ။ သူ့ myday ၀င်ကြည့်တော့ နေ့လည်ကတင်ထားတဲ့ပုံက မရှိတော့ဘူး။ "အချစ်က ချောကလက်မကြိုက်ဘူး:'(" ဆိုတဲ့စာကြောင်းလေးကို နောက်ခံကခဲရောင်လေးနဲ့ တင်ထားတာပဲတွေ့တယ်။ ငါ့ crush လေး အငြင်းခံလိုက်ရတာလားဆိုပြီး စိတ်ပူသွားသေးတယ်။ စိတ်နေလို့မကောင်းရင် လူလည်း နေလို့သိပ်မကောင်းချင်တာနဲ့ ထုံးစံအတိုင်းပဲ နားကြပ်တပ်ပြီး အိပ်လိုက်တော့တယ်။ လက်ဆောင်ရတဲ့ နှင်းဆီပန်းလေးကတော့ ဘေးလွယ်အိတ်ထဲမယ် ပုံ့ပုံ့လေး။
ESTÁS LEYENDO
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...