Unicode
မွေးနေ့မနက်ကျတော့ စောစောထပြီး ဘုရားရှိခိုးတာကို ပုံမှန်ထက်ပိုပြီးကြာကြာလေးလုပ်ဖြစ်တယ်။ ဘုရားရှိခိုးပြီးတော့ မေကြီးတို့ ငရှုပ်လေးတို့ဆီ ဖုန်းဆက်ရတယ်။ ခုနစ်နာရီကွက်တိမှာ အစ်ကိုက သူအဆောင်ရှေ့ရောက်ပြီလို့ စာပို့လာတယ်။ လှေကားကနေ အမြန်ပြေးဆင်းလာတော့ အောက်ရောက်ရောက်ချင်းတွေ့လိုက်ရတာက အမရာ့ရဲ့အသည်းအသက်။ ကိုယ့်ကိုမြင်တော့ လှမ်းရယ်ပြတာ ပေါ်လာတဲ့သွားစွယ်လေးတွေက ကိုယ့်ရင်ခုန်သံတို့ မြစ်ဖျားခံရာ။ ကိုယ့်ရေမြေမဟုတ်ပေမယ့်လည်း နှစ်ယောက်အတူရှိရတဲ့ နေရာတိုင်းကလှလို့ပလို့။ ပထမဆုံးတစ်ခေါက်အစ်ကိုလာတုန်းက ကော်ဖီဆိုင်လေးမှာပဲ မနက်စာစားဖြစ်တယ်။ အစ်ကိုဖိတ်စာလာဖိတ်တဲ့အကြောင်းတွေပြန်ပြောတော့ ဟာသတွေလိုပဲ။ အဲ့တုန်းကတော့ သေလောက်အောင် ခံစားခဲ့ရတာ ကိုယ့်ကိုကိုယ်ပဲသိတယ်။ သူလည်းအဲ့လိုပဲ ခံစားခဲ့ရမှန်း အခုတော့သိပြီပေါ့လေ။ ဒီမြို့မှာနေတာ ကြာပြီလို့ပြောလို့ရပေမယ့် အပေါ်စီးကနေကြည့်ရင် ဒီလောက်လှမှန်း အခုမှသိတယ်။ အစ်ကိုနဲ့အတူမို့လို့ ပိုလှနေတာလားဆိုတဲ့ မေးခွန်းအတွက်တော့ အမရာ့မှာ အဖြေတိတိကျကျရှိပြီးသား။ အပြင်ကိုငေးနေတဲ့ အစ်ကိုက ကိုယ့်ဘက်လှည့်ကြည့်လာတဲ့အခါ အကြည့်မလွှဲမိတော့ဘူး။ အစ်ကို့ရဲ့ အကြင်နာအကြည့်တွေထဲ လက်ပစ်ကူးလိုက်တော့တယ်။ ဒီအချိန်ခဏလေးမှာ အရာအားလုံး ရပ်တန့်ကုန်သလိုပဲ။ တဖြည်းဖြည်း အနားကပ်လာတဲ့ အစ်ကို့မျက်နှာကိုရှောင်မယ့်အစား ဝိုင်းစက်သွားတဲ့မျက်လုံးတွေကို မျက်တောင်ရှည်တွေနဲ့သာ ကာလိုက်မိတော့တယ်။ အစ်ကို့နှုတ်ခမ်းတွေက Expresso အရသာ ခါးသက်သက်ကိုရတယ်။ နူးနူးညံ့ညံ့ အနမ်းလေးတစ်ခုက အမရာ့နှုတ်ခမ်းတွေရော နှလုံးသားတစ်ခုလုံးကိုပါ သိမ်းပိုက်လိုက်သလိုပဲ။ ခဏလေးပါပဲ။ မိနစ်ဝက်လောက်လေးပဲ။ ဒါပေမယ့် ကိုယ်အရည်ပျော်ဖို့လုံလောက်တဲ့ အချိန်အတိုင်းအတာလေးပါပဲ။ ပြီးတော့ နှစ်ယောက်လုံးရှက်နေလိုက်တာ ဆယ်ကျော်သက်လေးတွေလိုပဲ။ တွဲခဲ့တဲ့နှစ်တွေတုန်းက မနမ်းဖူးလို့လားဆိုတော့ နမ်းဖူးပါတယ်။ တစ်ခါ။ အစ်ကိုစိတ်ကောက်လို့ ရုပ်ရှင်လိုက်ပြရတုန်းက။ အဲ့တုန်းက ရုပ်ရှင်ရုံအမှောင်ထဲဆိုတော့ အချင်းချင်းမမြင်ရတာလည်းပါတယ်။ ရှက်ပြီး ရုပ်ရှင်ပဲ ပြန်ကြည့်နေခဲ့တာလည်းပါတယ်။ နှစ်တွေကြာသွားလည်း ဒီလူသားကြောင့်ဖြစ်တည်လာတဲ့ ရင်ခုန်သံကတော့ အမြဲလတ်ဆတ်နေတုန်းပဲ။ ရှက်ရှက်နဲ့ နှစ်ယောက်သား အပြင်မြင်ကွင်းတွေကိုပဲ ငေးကြည့်နေမိတယ်။ cable car ကျဥ်းကျဥ်းလေးထဲမှာ တစ်ယောက်ရင်ခုန်သံ တစ်ယောက်ကြားနေရသလိုပဲ။ cable carပေါ်ကအဆင်း မိုးရွာလာတာနဲ့ မိုးခိုရသေးတယ်။ ထီးလည်းပါမလာဘူး။ စင်ကာပူရဲ့ အောက်တိုဘာမိုးက ခဏလေးနဲ့တိတ်သွားပါတယ်။ Sentosa ကျွန်းတစ်ခုလုံး နှံ့အောင်လည်လိုက် မုန့်လျှောက်စားလိုက်နဲ့ အဆင်ကိုပြေနေတာပါပဲ။ ခရီးသွားရာသီမဟုတ်တော့ လူနည်းတယ်။ Sentosa beach ဘက်ရောက်ပေမယ့် အဝတ်လဲစရာမပါတော့ ရေမဆော့ဖြစ်ဘူး။ ဓာတ်ပုံပဲရိုက်ဖြစ်တယ်။ သူက ကိုယ့်ကိုရိုက်ပေးလိုက် သူကကိုယ့်ကိုရိုက်ပေးလိုက်နဲ့ ဟုတ်နေတာပဲ။ နှစ်ယောက်ပုံ selfie တွေလည်း memory card ပြည့်သလောက်နီးပါးပါပဲ။ နေ့လည်စာကို Coastes မှာပဲ စားလိုက်ကြတယ်။ အစ်ကိုက ညနေပြန်ရမှာမို့လို့ ဘယ်မှဆက်မသွားတော့ဘဲ အဆောင်ဘက်ပဲ ပြန်လာလိုက်တော့တယ်။ ကျောင်းထဲလိုက်ပြရင်း အနာဂတ်ဆိုတဲ့ခေါင်းစဥ်အောက် စကားပြောဖြစ်ကြတယ်။
ESTÁS LEYENDO
My Crush is in LOVE with ME!
Romanceကိုယ့်အတွက် အချစ်ဆိုတဲ့အရာကို အလင်းပြပေးခဲ့တဲ့ ဒီအမျိုးသားနှင့်အတူ သေတပန်သက်တဆုံး ရိုးမြေကျပေါင်းသင်းနိုင်ဖို့ ဆုတောင်းမိပါရဲ့။ စစ်မှန်သည့်မေတ္တာ၊ ဆိုမြဲသောသစ္စာတို့ဖြင့် ထုံမွှမ်းအပ်သော ဆုတောင်းတို့သည်ကား ပြည့်မြဲဟု ယုံကြည်ဆဲပါလေ...။ ကိုယ့္အတြက္ အခ...