Ch 44: "Proposing"

3.1K 590 17
                                    

{Whisper}[Love You 59 Seconds]:  အသင်းထဲဝင်

Love You 59 Seconds အသင်းထဲဝင်ရန်ပြောနေသည်ကို ဝူဟန်ယင်းတွေ့တယ်။ ပထမမတ်ဆေ့ခ်ျသည် ရွင်ထုံ-ကျွမ်းရှောင့်မတ်ဆေ့ခ်ျတွေဖြင့် ပြည့်နေတာကြောင့် လွတ်သွားတယ် … အသင်းကိုလက်ခံကာ ဝင်လိုက်လေသည်။

{Team}[Love You 59 Seconds]: အရင်ဆုံးမြို့ထဲကမထွက်နဲ့ …ဒီမှာစောင့်နေ

{Team}[ရှောင်ဝူ.]: အိုခေ

{Team}[ရှောင်ဝူ.]: =.=  =.=

{Team}[ရှောင်ဝူ.]: Yan Nanကိုသွားမလို့လား??

ဝူဟန်ယင်းပြောနေစဉ် Love You 59 Secondsကmountပေါ်တတ်ပြီး နေရာမှမသွားခင် အသင်း chatထဲမတ်ဆေ့ခ်ျအမြန်ပို့လေတယ်။

{Team}[Love You 59 Seconds]: အမ်း

{Team}[Love You 59 Seconds]: မင်းဒီမှာစောင့်နေ

Love You 59 Secondsပြောအပြီး လျင်မြန်စွာပျောက်သွားပြီး စခရင်တွင် သူ့အရိပ်အယောင်တောင်မတွေ့တော့ပေ။  world မြေပုံကိုဖွင့်ကြည့်တော့ ထင်ထားသည့်အတိုင်းအစက်လေးက Yan Nan ဆီသို့ဦးတည်နေတယ်။

ရွင်ထုံ-ကျွမ်းရှောင့်ကတော့ သူ့ဘေးတွင်အဆက်မပြတ်စကားပြောနေပြီး တစ်ခါတလေ ခုန်တောင်ခုန်နေတယ်။ သူတို့နှစ်ယောက်သွေးမဖြည့်ရသေးတာ ဝူဟန်ယင်းသတိထားမိတယ်။ သွေးနည်းနည်းလေးပဲရှိသော ဇာတ်‌ကောင်က ရှေ့ခုန်လိုက်၊ နောက်ခုန်လိုက်နဲ့ နည်းနည်းတော့ရယ်စရာကောင်းသည်။

{Whisper}[ရွင်ထုံ - ကျွမ်းရှောင့်]: သူငယ်ချင်းရ ... ပြောင်းပြန်ကမ္ဘာguildက ကောင်တွေဘာလို့မင်းနောက်လိုက်နေကြတာလဲ.....

{Whisper}[ရွင်ထုံ - ကျွမ်းရှောင့်]: အို့ ဟုတ်သားပဲ

{Whisper}[ရွင်ထုံ - ကျွမ်းရှောင့်]: အစောတုန်းက ???မိန်းကလေး မင်းကိုအစ်မပေါင့်ကျုလို့ခေါ်လိုက်တယ်

{Whisper}[ရွင်ထုံ - ကျွမ်းရှောင့်]: မင်းက yaorenလား

(Yaoren – မိန်းကလေးက ယောက်ျားလေးဇာတ်ကောင်နဲ့ကစားတာကိုပြောတာပါ)

{Whisper}[ရှောင်ဝူ.]: !!!

{Whisper}[ရှောင်ဝူ.]: သောက်! ငါကယောက်ျားကွ! Yaorenမဟုတ်ဘူး!

{Whisper}[ရွင်ထုံ - ကျွမ်းရှောင့်]: အို့…

စခရင်မှ စာလုံးများကိုစိတ်ဓာတ်ကျစွာ ဝူဟန်ယင်းကြည့်နေသည်။ သူ့ရဲ့ ရှောင်ဝူ. ဇာတ်ကောင်က ထင်ထင်ရှားရှားကြီးကိုယောက်ျားလေးဇာတ်ကောင်လေ … ဘယ်လိုလုပ်မိန်းကလေးဖြစ်မှာလဲ?!?! သူအချိန်ကြာကြာ စိတ်ဓာတ်မကျနိုင်ခဲ့ … အသင်းမှ ဇာတ်ကောင်ပုံတွင် Love You 59 Seconds၏ သွေးဘားသည်လျင်မြန်စွာလျော့ကျသည်ကို တွေ့လိုက်ရတယ်။

ဝူဟန်ယင်း worldမြေပုံကိုဖွင့်ကြည့်သည့်အခါ Love You 59 Secondsသည် Yan Nanအပြင်ဘက်အနီးဝန်းကျင်တွင် ရှိသည်။ သူ့နှလုံးပြတ်ကျမတတ်… တစ်ယောက်တည်းတိုက်တာ သေလမ်းရှာတာနဲ့အတူတူပဲ… ဟိုဘက်ကအနည်းဆုံးလူလေးယောက်တောင်ရှိတာလေ…။

သူစိတ်ပိုင်းဖြတ်ကာ mountပေါ်အမြန်တက်ပြီး Yan Nanသို့ဦးတည်သည်။ လမ်းတဝက်လောက်တွင် သူသွေးမဖြည့်ရသေးတာ သတိထားမိပြီး အခုမှပြန်သွားဖြည့်ရအောင်လည်း အချိန်မရှိတော့ပေ။ Yan Nanဆီသို့ မုခ်ဝရှေ့တွင်ရပ်ပြီး သွေးဖြည့်ကာ ဝင်၏။ ပို့ဆောင်ရေးမုခ်ဝထဲ၌ရှိနေစဉ် Love You 59 Seconds သွေးဘားသည် သုံးပုံတစ်ပုံထိလျော့ကျသွား၏။  ဝူဟန်ယင်း ဂရုတစိုက်guild channelကိုတစ်ချက်ကြည့်လိုက်သည်။

သတင်းကောင်းကတော့ ပြောင်းပြန်ကမ္ဘာအဖွဲ့မှ တစ်ယောက်ကို Love You 59 Secondsသတ်လိုက်သည့် notiကိုတွေ့လိုက်ရပြီး ချီယွဲ့ဝေရဲ့အနိုင်ရရှိသောသတင်းကောင်းလည်း တွေ့လိုက်ရတယ်။

သူ့လက်‌‌တော့ပ်တုန့်ပြန်မှုမရှိသည့် အမဲရောင်စခရင်ကိုကြည့်ပြီး ဝူဟန်ယင်းပိုစိုးရိမ်လာသည်။ ကျောင်းအင်တာနက်က အရေးကြီးသည့်အချိန်ကို ကြိုသိနေသည့်အလား … Yan Nanကိုဝင်ဖို့ နှစ်မိနစ်အချိန်စောင့်ရသည်။

အရှေ့ကိုနည်းနည်းလျှောက်ရပြီး … Nearby channelတွင် ပြောင်းပြန်ကမ္ဘာအဖွဲ့မှ ဒါ့စွမ်းပေါင့်ကျုက လူတွေကိုကျိန်ဆဲနေတာနဲ့ တဲ့တိုးသည်။

ဝူဒေါင်ကြီးကသိပ်အလှမ်းမဝေးသလို ပန်းရောင်Emei ချီယွဲ့ဝေကလည်း သူ့ဘေးတွင်ရပ်လျက်ရှိနေ၏။

ဝူဟန်ယင်းရောက်သည့်အချိန် ပြောင်းပြန်ကမ္ဘာမှလူတွေသည် မြေပြင်တွင်သေဆုံးနေပြီး guild channelလည်း notiလေးခုကြောင့် ပျော်ရွှင်ကျေနပ်နေကြတယ်။

{Nearby}[ဒါ့စွမ်း]: 59…မင်းမှတ်ထားလိုက်!

Nearby channelတွင် ဒါ့စွမ်းထိုစာကြောင်းပို့အပြီး မကြာခင်ပျောက်သွားသည်။ ပင်း*ရွှယ်ငိုနေသောကြက်ပေါက်လေးအီမိုဂျီတွေပို့ပြီး ခဏကြာသူမလည်းငရဲသို့ အခြားနှစ်ယောက်နဲ့အတူပို့ဆောင်ခံလိုက်ရတယ်။

{Team}[Love You 59 Seconds]: မြို့ထဲမှာစောင့်နေလို့ ပြောထားတယ်လေ

{Team}[ရှောင်ဝူ.]: ……

ဝူဟန်ယင်း အသင်းchatကိုကြည့်ရင်း နှာခေါင်းပွတ်လိုက်သည်။ တကယ်တော့သူ Emeiဇာတ်ကောင်နဲ့ကစားနေတာလေ…ဒါ့ကြောင့် တဖက်ကစားသမားကိုသွေးဖြည့်နိုင်တယ်.... သူ Divine Providenceစကေးကိုနှိပ်လိုက်တယ်။ Love You 59 Seconds ၏သွေးဘားသည် နည်းနည်းလေးတောင်မတတ်သွားပေ…

သူ မအောင်မြင်ခဲ့ဘူး…..

Love you 59 seconds (Myanmar translation)Where stories live. Discover now