Ch 46: Their Troublesome Thoughts

2.8K 601 31
                                    


ဝူဟန်ယင်းကုတင်တွင်လဲလှောင်းနေလျက် ... အခန်းထဲကကျန်သုံးဦးကတော့ ဒီတညလုံးတကယ်မအိပ်တော့ဘူးလို့ အစီစဥ်ချထားတယ်။

သူတို့ဂိမ်းကစားနေချိန် အလွန်ဆူညံသည်။

သူတို့ကပဲ ဆူညံနေတာလား သူကပဲ သူလုပ်ခဲ့တာတွေးပြီးမအိပ်ပျော်သည်လား မပြောတတ်ပေ။ ကံကောင်းစွာဖြင့် နောက်ဆုံးစာမေးပွဲနီးပြီဖြစ်ကာအတန်းချိန်တော်တော်များများပြီးဆုံး‌ပြီဲဖြစ်သောကြောင့် မနက်စောစောထစရာမလိုတော့ပေ။

ဝူဟန်ယင်းအိပ်ချင်မူးတူးထလာပြီး အချိန်အတော်ကြာမျက်လုံးမှေးနေကာ ပြီးမှဖုန်းကိုယူ၍ဖွင့်ကြည့်တော့ ...မနက်၈:၄၀ရှိနေပြီ။ အရမ်းလည်းမစောသလို နောက်လည်း မနောက်ကျပေ။ သူ့အတန်းဖော်တွေကတော့ ငြိမ်းချမ်းစွာနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေကြတုန်းပင်။ သူတို့အိပ်နေပုံနဲ့ နေ့လည်မှနိုးမည်ထင်သည်။

ကုတင်မှထရန် ပျင်းရိနေပြီး နှေးကန်နေသည်ကတက္ကသိုလ်စတတ်သည့်ရက်နဲ့ ဒါကပထမဆုံးဖြစ်တယ်။ ဝူဟန်ယင်းစောင်ခြုံကာဆက်အိပ်သည်။ သူ့အတန်းဖော်တွေလို နှစ်ခြိုက်စွာအိပ်ပျော်ရန်မျှော်လင့်ပြီး သူလည်းနေ့လည်၁၂နာရီ ထိအိပ်လိုက်ချင်တယ်။

သူအကြာကြီးလှဲနေပေမယ့် လုံးဝနိုးကြားနေကာအိပ်မပျော်ပေ။ ဖုန်းကောက်ကိုင်ပြီး ခဏကစားနေလိုက်၏။ ဖုန်းဝယ်ထားတာရက်နည်းနည်းကြာပြီဖြစ်သော်လည်း ဂိမ်းကစားနေတာမို့ ဖုန်းမွှေဖို့အချိန်မရှိခဲ့ပေ။ တစ်ခါမှမမြင်ဖူးသည့်ရုပ်ပုံအသစ်တွေလည်းရှိသေးသည်။

ဝူဟန်ယင်း ကုတင်တွင်လူးလှိမ့်ကာ ဖုန်းကစားနေလိုက်သည်။ ထို့နောက်ဖုန်းကိုဘေးဘက်ပစ်လိုက်သည်။ အရမ်းပျင်းဖို့ကောင်းတယ်ကွာ ...

မနေ့ညကအကြောင်းကိုပြန်တွေးကြည့်ရင် အပြစ်ရှိသလိုခံစားရပေမယ့် ဘာကြောင့်မှန်းမသိ အခုစဉ်စားကြည့်တော့ တည်ငြိမ်ကာ စိတ်ကြည်လင်နေသည်။

၉:၁၀...

တကယ်တော့ ဒီနေ့ပထမဆုံးအတန်းချိန်က နေ့လည်နှစ်နာရီမှစမှာဖြစ်သောကြောင့် သူဂိမ်းကစားလို့ရသေးသည်။ အိပ်ယာမှထပြီး မျက်နှာသစ်ရန်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လေးလံနှေးကွေးစွာ အဆင်သင့်လုပ်ကာ ဆာလောင်မှုကိုဖြေသိမ့်ရန်ပေါင်မုန့်စားပြီးနောက် လက်တော့ပ်ဖွင့်သည်။

Love you 59 seconds (Myanmar translation)Where stories live. Discover now