YY - ကိုယ်သိထားတာကတော့ တရုတ်က video social networkပါတဲ့...အဲ့မှာ ကိုယ်ကြိုက်တဲ့ ဗီဒီယိုတွေ လုပ်လို့ရတယ်။ Live stream, live chatတို့လည်းရပါတယ်။ အတိအကျတော့ကိုယ်လည်း သေချာမသိပါဘူး။***********
ဝူဟန်ယင်းရဲ့လက်တော့ပ်အမျိုးအစားသည် အလွန်မကောင်းသောကြောင့် ဂိမ်းထဲဝင်ချိန် နည်းနည်းနှေး၏။ သူစောင့်နေတုန်း ကျောင်းထန်ကဂိမ်းထဲ ရောက်နှင့်နေပြီ။
ဂိမ်းစခရင်တွင်ရှောင်ဝူ.သည် ဒါ့လီတွင်ရပ်နေကာ ဝူဟန်ယင်းစိတ်တထင့်ထင့်နှင့် Guild channelကိုတောင် ဖွင့်မကြည့်ရဲပေ။ ပထမဦးစွာ သူငယ်ချင်းစာရင်းကို ဖွင့်ကြည့်တော့ Love You 59 Secondsနာမည်က လင်းနေတယ်။
ထိုတခဏ၌ ဝူဟန်ယင်းမော့ကြည့်ပြီး ကျောင်းထန်အကောင့်ကိုလျင်မြန်စွာ နှိပ်ကာ အသင်းinvite ပို့လိုက်သည်။ သို့သော် တဖက်လူက နောက်အသင်းထဲရောက်နေသောကြောင့် သူအမြန် ထိုအသင်းထဲဝင်ရန် requestပို့လိုက်ပြန်သည်။ နှစ်စက္ကန့်မကြာ သူ့ကိုလက်ခံလိုက်သည်။
{Team}[စန်းရွှေကုန်း]: ရှောင်ဝူ ဆုကျုံးကို...ငါတို့ Tricyclicလုပ်တော့မလို့
{Team}[ရှောင်ဝူ.]: အိုခေ
ဝူဟန်ယင်း ဘယ်ဘက်မှအသင်းtab ကိုကြည့်ပြီး စိတ်သက်သာရာရသွား၏။ အားလုံးက level 80ကျော်၊ ကျန်နှစ်ယောက်ထပ် သူကlevelပိုနိမ့်ပြီး သူတို့က F5(level 82-91)ကိုလုပ်ချင်ကြသည်။
သူက အခုလက်ရှိLevel 78...လုပ်နိုင်ရုံလေးပဲပေါ့
ဆုကျုံးကိုသွားသည့် တဆင့်ပို့ဆောင်ရေးစခရင်တွင် ကျောင်းထန်က လူနှစ်ယောက်ကိုထပ်ထည့်လိုက်သည်။ လိုင်းမကောင်းတာအလွန်ဆိုးဝါး၍ ဝူဟန်ယင်းသိပ်အာရုံမထားပေ။ လိုင်းမကောင်းသည်မှာ အချိန်ကြာမြင့်စွာ သူထိုနေရာကနေ ရှေ့ဆက်မတတ်နိုင်ဖြစ်နေတယ်။
Love You 59 Seconds သူ့ကိုမရှာတာဘဲ တော်တော်ကံကောင်းနေတယ် ခံစားမိသည်။
{Team}[စန်းရွှေကုန်း]: ရှောင်ဝူ အမြန်လာ
{Team}[ရှောင်ဝူ.]: လာနေပြီ!
{Team}[ရှောင်ဝူ.]: lagနေလို့ရှောင်ဝူ. ထိုစာကြောင်းတွေကို ရိုက်နှိပ်လိုက်ပြီး questလက်ခံရန် NPC ထံအမြန်သွားသည်။ လိုင်းလတ်တာဆိုးလွန်းလို့ အမြဲနောက်ပြန်ရောက်သွားတတ်သည်။ နောက်ဆုံးတော့ ခက်ခက်ခဲခဲသူရောက်ရှိသွားလေတယ်။

YOU ARE READING
Love you 59 seconds (Myanmar translation)
RomanceOriginal Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီး "မရီး" လို့ခေါ်တဲ့အကြောင်းရင်း? ရှချန်ဘယ်အချိန်တည်းကနည်းနည်းကြောင်တောင်တောင်နဲ့နာခံတတ်တဲ့ ဝူဒေါင...