"ငါ့ဟာမဟုတ်ဘူး" ဝူဟန်ယင်း ပြင်ဆင်လို့ပြီးသွားတော့ Emeiလေးကို တယ်လီပို့တည်နေရာဆီ ရွေ့ ကာ သူ့ဂိုဏ်းကျောင်းသို့ တယ်လီပို့လိုက်သည်။ ငွေကြေးနည်းနေသော်လည်း ဇာတ်ကောင်လေးကို စကေးရသလောက်သင်ရမည်ဟု သူတွေးနေသည်။ အဆင့်တတ်များလေ စကေးများများသင်ရလေဖြစ်ကာ အခုတည်းက သင်လို့ရနိုင်သမျှ သင်ထားရမည် ... နန်နီကောင်လေးက 'နို့ရည်' စကေးမရှိတာက နည်းနည်းတော့ ....
(T/N : နို့ရည် စကေး - အသင်းသားတွေကို သွေးဖြည့်ပေးတဲ့စကေးကို ဗန်းစကားအနေနဲ့သုံးတာပါ)
"မင်းဟာ မဟုတ်ဘူး?" ကျောင်းထန်စားပွဲကို ရှင်းလင်းပြီး သူ့လက်တော့ပ်ကို အိတ်ထဲမှထုတ်ကာ ဂိမ်းထဲဝင်လေတယ် ... "ဒါဆို ဘယ်သူ့ဆိုင်လဲ သူတို့ပစ္စည်းကောင်းတွေအကုန် မင်း သမသွားမှာ မကြောက်ကြဘူးလား"
"ငါဒီလောက်ယုတ်မာမယ်လို့ မင်းတကယ်ထင်တယ်ပေါ့!" ဝူဟန်ယင်း မျက်လုံးလှည့်ကြည့်လိုက်တယ်
"အာ့ ဟုတ်သားပဲ!" ကျောင်းထန် စပ်စုတတ်သောလုပ်ငန်းကို ရပ်လိုက်ကာ သူဂိမ်းထဲဝင်လိုက်တော့ ဝူဟန်ယင်း သူ့(ကျောင်းထန်)အကောင့်ကို blacklistထဲထည့်ထားသည်ကို မှတ်မိသွားတယ်။
"ငါအခုမှသတိရတယ် မင်းငါ့ကိုblacklistထဲထည့်ထားတယ်! မြန်မြန်ပြန်ထုတ်ပေး"
"အင်း ... မင်းသာသတိမပေးရင် ငါမေ့နေလောက်ပြီ"
ဝူဟန်ယင်း ထိုင်ခုံကိုနောက်ဆုတ်ကာ ကျောင်းထန်ကို တစ်ခုခုလာကြည့်ရန် အမူအရာဖြင့်ပြလာသည်။
"နှစ်ဝက်လုံးငါ့ကိုကျွေးမယ်လို့ ငါတို့အလောင်းအစားလုပ်ထားတာတောင် မေ့တော့မလို့ ... အခုငါဗိုက်ဆာနေပြီ Ma la tangနဲ့ ဟမ်ဘာဂါမှာပေး ... ငါ့ကိုစောင့်ရအောင်မလုပ်နဲ့နော် ... အမြန်"
YOU ARE READING
Love you 59 seconds (Myanmar translation)
RomanceOriginal Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီး "မရီး" လို့ခေါ်တဲ့အကြောင်းရင်း? ရှချန်ဘယ်အချိန်တည်းကနည်းနည်းကြောင်တောင်တောင်နဲ့နာခံတတ်တဲ့ ဝူဒေါင...