Ch 52: Live Together

3.6K 632 64
                                    

ဝူဟန်ယင်းနာကျင်လွန်း၍ မျက်ရည်တောင်ဝဲလုနီးပါးပဲ။

"နာသွားလား?" ရှချန်လက်မောင်းကို တွန်းလိုက်သည်။ သူကောင်လေးကိုဖိထားမိမှာ စိုးရိမ်သည်လေ။

"မနာပါဘူး။ အဆင်ပြေပါတယ်" ဝူဟန်ယင်းနဖူးကို ထိကိုင်ကြည့်တယ်။ အစောတုန်းက သူအိပ်ငိုက်‌တဲ့အခြေအနေမှာပဲရှိသေးကာ ပြင်းထန်သောတိုက်မိသံကြောင့် နည်းနည်းအငိုက်ပြေသွားခဲ့သော်လည်း စိတ်တွေကတော့ ရီဝေဝေဖြစ်နေတုန်းပဲ။

အခန်းက အလွန်မှောင်ပြီး သူတို့အနေအထားသည် တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်ကာ ဝူဟန်ယင်းခန္ဓာကိုယ်အပူချိန်မြင့်တက်လာသလို ခံစားရသည်။ ထို့ကြောင့် သူမော့ကြည့်လိုက်စဉ် ရှချန်မျက်ဝန်းနှင့် ဆုံသွားသည်။ သူတို့ကကြည်လင်ပြီးလင်းလတ်သည်။ ဘာကြောင့်မှန်းမသိပေမယ့် သူတို့က ဝူဟန်ယင်းကို အပြင်းအထန်ရင်ခုန်စေသည်။

ကုတင်မှကျွီခနဲမြည်သံလေးနဲ့အတူ ဝူဟန်ယင်းကိုယ်ပေါ်က ပေါ့သွား၏။ တဖက်လူက မတ်တပ်ရပ်ပြီး အခန်းမီးဖွင့်လိုက်သည်။

"နာနေလား? ဆေးလိမ်းချင်လား?"

ဝူဟန်ယင်းနဖူးအတန်ငယ်ပူနေသည်ကို ခံစားရသည်။ အခုလောက်ဆို နီနေပြီပေါ့။ စိုးရိမ်ရသည့်ဒဏ်ရာမဟုတ်တော့ ဝူဟန်ယင်းခေါင်းခါယမ်းလိုက်သည်။

ရှချန်မျက်မှန်မတပ်ထားသည်ကို မြင်ရတာ ပထမဆုံးအကြိမ်ပင်။ သူထင်တာပဲလားမသိပေမယ့် ... လက်ရှိရှချန်ပုံသဏ္ဍာန်သည် အေးစက်ပြီးတည်ငြိမ်မည့်အစား နူးညံ့ကြင်နာသည့်ခံစားချက်ကိုပေးနေသလိုပဲ။

"မနာဘူးဆိုရင်ပြန်အိပ်တော့"

ဝူဟန်ယင်း၏မရှင်းမလင်းအမူအရာကို ကြည့်ပြီး ရှချန်ခေါင်းသာခါလိုက်၏။

ဝူဟန်ယင်းအပြည့်အဝမနိုးသေး... သူ့မျက်လုံးတွေဖွင့်‌ထားသော်လည်း အိပ်နေတဲ့လူနဲ့ မကွာပေ။ ရှချန်ပြောသံကြားတော့ ... သူကုတင်တွင်ပြန်လှဲကာ မျက်လုံးတွေမပိတ်မှီ တုံ့ပြန်ရင်ခဏကြာသွားသေးသည်။

အိပ်ခန်းအပူချိန်က စာကြည့်ခန်းထပ်လျော့နည်းသည်။ သူ့မသိစိတ်ဖြင့် စောင်ထဲတိုးဝင်ကာ သူ့ခန္ဓာကိုယ်ကို နွေးထွေးသည့်စောင်ထဲနှစ်မြှပ်စေသည်။ သူလက်လှမ်းလာပြီး အေးမြသောတစ်စုံတစ်ခုကို ထိတွေ့မိတော့ ဝူဟန်ယင်းအက်ရေးကြောင်းလို မျက်လုံးအနည်းငယ်ဖွင့်ကြည့်‌လိုက်တော့ ဘောင်မပါသည့်မျက်မှန်ဖြစ်နေတယ်။ ဒါ့ကြောင့်ပရော်ပဆာရှမျက်မှန်မတပ်ထားတာကို ... ထိုအတွေးနဲ့အတူ မျက်မှန်ကိုဆုပ်ကိုင်ရင်း အိပ်ပျော်သွားသည်။

Love you 59 seconds (Myanmar translation)Where stories live. Discover now