Ch 38: Text Message

2.8K 610 28
                                    


အနည်းငယ်ဖွင့်ဟထားသော အဆောက်အဦးတံခါးပေါက်ကနေ ဝူဟန်ယင်းဝင်လာ၍ သော့ထုတ်ကာ လေးလွှာသို့ဦးတည်သည်။ ဘေးအိမ်နီးချင်းတံခါးသည် တင်းတင်းကျပ်ကျပ်ပိတ်ထားသော်လည်း ရှစ်နှစ်အရွယ်ဝမ်းကွဲကို အန်တီက‌အော်ဟစ်ဆူငေါက်သံကို‌တော့ သေချာပေါက် သူတို့ကြားလိမ့်မယ်ဆိုတာ ဝူဟန်ယင်းသိသည်။ အိမ်ရြေှ့ဖတ်သွားဖြတ်လာတွေတောင် ကလေးမလေးက သူ့အန်တီအော်ငေါက်သည်ထိ ဘာလုပ်ထားလဲဆိုတာ ခန့်မှန်းနိုင်သည်။ ဥပမာ ...ဖိနပ်မပါဘဲမပြေးနဲ့ နောက်ခါဒီလိုဆိုးနေရင် ရိုက်မှာနော် ဘလာ ဘလာ ဘလာ...တို့ပေါ့။

ဝူဟန်ယင်းနှုတ်ခမ်းတို့ ဆူလိုက်၏။ ဒီအတိုင်းအတာနဲ့အော်နေမယ်ဆိုရင် အကယ်၍သူတို့မိသားစု လေလည်ခဲ့လျှင် ရပ်ကွက်တစ်ခုလုံးသိကြမှာပဲ ....

သူအိမ်ထဲဝင်လိုက်သည်နှင့် အဘွားက ဧည့်ခန်းကနေသူ့ကိုနှုတ်ဆက်ကြိုဆိုပြီး တစ်ခုခုစားဖို့ပြောသည်။ သူ့အစာအိမ်က အခုမှဘန်းမုန့်တွေနဲ့ပြည့်နေတာ ...ဒါပေမယ့် အစားအစာတွေကနွှေးပြီးနေပြီ။

ကြွေပန်းကန်လုံးနှင့်တူတစ်စုံကို ဝူဟန်ယင်းယူ ၊ ခုံတွင်ထိုင်ကာ စားပွဲမှ ဘာရှိရှိ ရှိတာစားလေသည်။

"ကျောင်းကဘယ်လိုလဲ?" အဘွားကစားပွဲဆီ ဟင်းနှစ်ပွဲယူလာ၍မေးလေသည်။

ကောလိပ်ဘဝအတူတူပါပဲ လို့ဝူဟန်ယင်းမပီမပြင်ဖြေလိုက်၏။ တူဖြင့်ဟင်းကိုယူကာ ပါးစပ်ထဲတောင်မထည့်ရသေး ...သူ့ဆီလာနေတဲ့ တဒုန်းဒုန်းအသံကိုကြားလိုက်ရသည်။ အဲ့ဒါသူ့ဝမ်းကွဲ‌ဖြစ်မယ်ဆိုတာ ခန့်မှန်းစရာတောင်မလိုပေ။ အနောက်မှ အန်တီ၏ အော်သံပါ ကပ်ပါလာသေး...

"နျဉ်နျဉ် ဘယ်သွားတာလဲ! အိမ်စာတွေပြီးသွားပြီလား?"

"နျဉ်နျဉ်  ပုံပြန်လာဆွဲစမ်း...နင့်အကိုစားပြီးရင်နင်နဲ့ကစားလိမ့်မယ်"

ဝူဟန်ယင်းဘာမှမသိဟန်ဆောင်၍ ခေါင်းငုံ့ထားကာဆက်စားနေသည်။ အဘွားကတော့ ကလေးမလေးအားချော့မြူရင်း ကြောင်အိမ်ဗီရိုထဲမှ စာရွက်အဖြူအလွတ်ကိုထုတ်ပြီး ကော်ဖီစားပွဲပေါ်တင်လိုက်သည်။

"အခု ဆွဲချင်လား?"

ဝူဟန်ယင်း ဟင်းရွက်ကိုညှပ်ယူမည့်အချိန် တူကိုဆောင့်ဆွဲလိုက်တာကြောင့် တစ်ချောင်းကစားပွဲမှကျကာ ကြမ်းပြင်တွင်လှိမ့်သွား၏။

Love you 59 seconds (Myanmar translation)Where stories live. Discover now