Zawgyi
{Team}[ရှောင်ဝူ]: =口=
{Team}[ရှောင်ဝူ]: ငါပြန်နှင့်မယ်{Team}[ချမ်ချမ်ကျွင့်ဇူ]: မရီး 88~(bye bye)
{Team}[ရှောင်ဝူ]: =.=
{Team}[ရှောင်ဝူ]: ဘိုင့်ဘိုင်အသင်းကိုနှုတ်ဆက်ပြီး ဝူဟန်ယင်းဒါ့လီမြို့ကို ပြန်ရန်ခလုတ်ကို နှိပ်လိုက်သည် ဝူဒေါင်လေးဒါ့လီကို ရောက်တော့ ဝူဟန်ယင်းတစ်ခုတွေးမိတယ် ... သူ့ အိတ်က ယန်ရွန်းယုနဲ့ပြည့်နှပ်နေပြီး သူ့equipment လည်းပြောင်းဖို့မေ့နေတယ်။
ဝူဟန်ယင်းခဏအကြာတုန့်ဆိုင်းနေခဲ့တယ် ... Equipmentပြောင်းဖို့အတွက်နဲ့ ဒါ့လီကနေလျိုယောင် ၊ Yan Nan ပြီးနောက် ယန်ဘေးကိုတယ်လီပို့ရမှာလား?!
ခဏအကြာစဉ်းစားပြီးမှ နောက်ဆုံးတော့ယန်ဘေးမှာလုပ်စရာရှိလို့သွားသည့်အခါမှပဲ equipmentပြောင်းရန်သာ ဆုံးဖြတ်လိုက်တယ် ... ဘာပဲဖြစ်ဖြစ် သူ့level 50ပဲရှိသေးတာ equipmentပြောင်းဖို့ အလျင်စလိုလုပ်စရာမလိုပေ။
စခရင်ရဲ့အပေါ်ဘယ်ဘက်ထောင့်တွင်ရှိသောပုံလေးဘေးမှ level 50 ဆိုတာကိုကြည့်ရင်း ဝူဟန်ယင်းlevelတက်ရမလိုဘူးဆိုတာသိနေတယ် ...အဖွဲ့ကလူတွေက သူ့ကိုကူညီပေးလို့ levelတတ်လာပေမယ့် အမြဲတမ်းတော့အကူညီမတောင်းချင်ပေ... အားလုံးကလည်း သူတို့ကိုယ်ပိုင်လုပ်စရာတွေရှိနေမှာပဲလေ ...။
သူအသင်းကိုဖျက်လိုက်ပြီး questတွေကိုသူ့ဘာသူဆက်ရှင်းတော့သည်။ သူတစ်ကိုယ်တည်းသာ ချောင်းရှန်းနဲ့ အာဟိုင်းမှာ ရှိတဲ့questတွေအကုန်ဖြေရှင်းပြီး၍ နောက်တစ်နေရာသို့ သွားလေသည်။
ဒီလိုပဲ ဝူဒေါင်လေးကမွန်းစတားတွေကို တိုက်ခိုက်လျက် ...သွေးလျော့လျှင် ပေါင်မုန့်စားရင်းသွေးဖြည့်နဲ့ ကစားနေသည်။ လုပ်ရိုးအတိုင်းကစားနေကာ အပြင်တွင် မှောင်စပျိုးလာလေပြီ။
သူနာရီကိုလှမ်းကြည့်တော့ ခုနစ်နာရီတောင်မထိုးသေးပေ...သို့သော်လည်း အပြင်ကောင်းကင်သည် အမဲရောင်အကာအယံနှင့်ဖုံးအုပ်လုဆဲဆဲ ... အနီရောင် ၊ အဝါရောင် ၊ အပြာရောင်နှင့်အစိမ်းရောင်အလင်းတန်းတို့ကမူ ရောစပ်ကာ နီယွန်ရောင်ဓာတ်ငွေ့ အလင်းတန်းသဖွယ် မှုန်ဝါးဝါးပုံဖော်တောက်ပနေတယ်။
YOU ARE READING
Love you 59 seconds (Myanmar translation)
RomanceOriginal Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီး "မရီး" လို့ခေါ်တဲ့အကြောင်းရင်း? ရှချန်ဘယ်အချိန်တည်းကနည်းနည်းကြောင်တောင်တောင်နဲ့နာခံတတ်တဲ့ ဝူဒေါင...