Ch 43: Inexplicable

2.8K 586 30
                                    

သူ၏ကံဆိုးမှုလို့သာ ဝူဟန်ယင်းယူဆပြီး ကုန်သွယ်လမ်းကြောင်းစိတ်မဝင်စားတော့ quest ကိုလွယ်လွယ်ပဲဖျက်လိုက်သည်။ ဆေးတူးဖော်ရန်တောရိုင်းမြေပြန့်သို့ မြင်းစီးသွားတယ်။ ကံမကောင်းစွာ မြို့ပြင်သို့ ခြေနှစ်လှမ်းတောင်မလှမ်းရသေးခင် စကေးများစွာနှင့်တိုက်ခိုက်ခံရတော့တယ်...တုန့်ပြန်ချိန်တောင်မရလိုက်ပါဘဲ သူ့စခရင်နီကာ မြေပြင်တွင်လဲကျသေဆုံးသွား၏။

နောက်တစ်ကြိမ် ဟင်းချိုသောက်ရန်ငရဲသို့ပို့ခံရပြီး လျိုယောင်တွင် သွေးပြန်ဖြည့်သည်။ ရှောင်ဝူက ပေါင့်ကျုဖြစ်သောကြောင့် guild channelသည် တဖန်အသက်ဝင်လာတယ်။ သူသတ်ခံရတဲ့အချိန် guildတွင် systemက အဖွဲ့သားတွေကိုအကြောင်းကြားအသိပေးသည်။ guild ထဲမှအဖွဲ့သားတွေအားလုံး ဘယ်လိုဖြစ်တာလဲ မေးလာကြတော့တယ်။ ဖြစ်ရပ်မှန်ကိုလည်း သူကိုယ်တိုင်တောင်မသိဘူးလေ...

တကယ့်အကြောင်းရင်းကိုရှာဖို့ ဝူဟန်ယင်းစိတ်မဝင်စား...လျိုယောင်ကိုတစ်ပတ်လျှောက်လည်ကြည့်ရန်သာ ဆုံးဖြတ်လေသည်။ ခဏအကြာ တစ်‌လျှောက်လုံးတစ်စုံတစ်ယောက်က သူ့နောက်လိုက်နေသည်ကို သတိထားမိတယ်။ သူနောက်တစ်‌ယောက်ယောက် လိုက်‌နေရတာကိုတွေးပြီး နှလုံးရပ်တန့်သွားသလိုခံစားရတယ်။

ဝူဟန်ယင်းတစ်ယောက် နားလည်ရခက်သောခံစားချက်များဖြင့်...လူတွေ သူ့ကိုမုန်းရလောင်အောင် သူတစ်ခုခုလုပ်ထားလား မမှတ်မိပေ။ ဒါပေမယ့် Tainshan(Assassin)သည် သူ့စီးပွားရေးကိုဓားပြတိုက်ခဲ့သော လေးယောက်ထဲမှတစ်ယောက်အပါအဝင်ဖြစ်တယ်။

{Guild}[ရှောင်ရှောင်လေး~]: မရီး ဘယ်မှာလဲ?
{Guild}[ရှောင်ရှောင်လေး~]: အရင်ဆုံးမြို့ပြင်မထွက်နဲ့နော်

{Guild}[ဝေါဘန်းချွင့်ကျဲ]: ဘာလို့ပါလိမ့်
{Guild}[ဝေါဘန်းချွင့်ကျဲ]: ဘာလို့ speakerကနေ ဒါ့စွမ်းက သူတို့မရီးသတ်ချင်တယ်လို့ပြောရတာလဲ...

{Guild}[ဖုန်း-အာ ရှား-အာ ဝေါသူ]: TMD (WTF)
{Guild}[ဖုန်း-အာ ရှား-အာ ဝေါသူ]: ဒီအချိန်မှဘာလို့ လောင်ဒါ့လိုင်းမရှိရတာလဲဟာ...

ဝူဟန်ယင်းguild channelကိုကြည့်ပြီး ... speakerမှာ တစ်ယောက်ယောက်က သူ့ကိုနှုတ်ဆက်တယ်? ဒီတစ်ကြိမ် channel အပေါ်မှ speakerကိုအာရုံစိုက်မှရတော့မယ်...

Love you 59 seconds (Myanmar translation)Where stories live. Discover now