Ch 40: The Zoo

2.7K 612 21
                                    

အစတည်းက စကားတစ်ခွန်း၊ နှစ်ခွန်းသာပြောဖူးသော ပရော်ပဆာနဲ့တစ်စီးတည်းစီးရတာ သူ့မှာ သေမလိုစိတ်လှုပ်ရှားခဲ့သည်။ ဘယ်လို ဘာ‌အကြောင်းနှင့် စကားလမ်းကြောင်းအစဖော်ရမလဲဆိုတာလည်း ဝူဟန်ယင်းမသိပေ။ သို့ပေမယ့် ရှချန်နဲ့ အတူရှိတာနည်းနည်းကြာတော့ ထိုစိတ်လှုပ်ရှားမှုတွေ မဖြစ်တော့ပေ။ ပရော်ပ‌ဆာရှက တစ်ချိန်လုံးအေးစက်စက်မျက်နှာ မဖြစ်နေသလို ... ထိုလူပြုံးလိုက်လျှင် သိမ်မွေ့ စွာကွေးကောက်သော အပွင့်ဖူးသဏ္ဍာန်မျက်ဝန်းတစ်စုံရှိသည်ကို သတိထားမိသည်။

စစချင်း ရှောင်ရှောင်းတက်ကြွစွာ စကားပြောနေသော်လည်း ကြာလာတော့ ကြောင်ကလေးလို ခွေ‌ခွေလေးအိပ်ပျော်သွားတယ်။ ‌ရှောင်ရှောင်းကို ဝူဟန်ယင်းကြည့်ပြီး အတိတ်ကိုသတိရမိသည်။ ငယ်ငယ်က သူကားထဲတွင် အိပ်လေ့ရှိသည်ကို အမှတ်ရမိတယ်။ သူ့မိဘတွေက ကစားရန်ခေါ်သွားရင် ကားပေါ်၌အိပ်လျက် လိုက်ပါလေ့ရှိတယ်။

တိရစ္ဆာန်ရုံကိုအကြိမ်ရေအချို့ ဝူဟန်ယင်းရောက်ဖူးသော်လည်း ငယ်ငယ်တုန်းကဖြစ်၍ မမှတ်မိတော့ချေ။ တစ်ခုခံစားမိတာက ခြင်္သေ့ ၊ ကျားနဲ့ မျောက်တွေရှိသည့်အနီးနားပတ်ဝန်းကျင်တွေက အနံ့အသက်မကောင်းဘူးဆိုတာပဲ =口=

ထိုနေရာက အမှန်တကယ်တော့ သိပ်မဝေးပေ ... အမြန်နှုန်းနှင့်မောင်းမည်ဆိုရင်တောင် မနက်ခင်း-နေ့လည်ကြား ဖြစ်နေကျ ယာဉ်ကြောပိတ်ဆို့မှုကိုတော့ ရှောင်လို့မရပေ။ ရှချန်လည်း အလျင်မလိုသောကြောင့် သူတို့ ၁၁နာရီ၌ တိရစ္ဆာန်ရုံကို ရောက်လာကြသည်။

ရှောင်ရှောင်းက နောက်ခန်းတွင်နှစ်ခြိုက်စွာ အိပ်ပျော်နေတာ နိုးလာမည့်ပုံပေါ်ပေ...ရှချန်ကားပါကင်တွင် ကားရပ်လိုက်၏။ ဘေးခုံမှ သူ့ကုတ်အင်္ကျီကို ယူပြီး လက်လှမ်းမှီသောဝူဟန်ယင်းလက်မောင်းတွင် ထားကာ အပြင်ထွက်၍ ရှောင်ရှောင်းကိုချီရန်အနောက်ခန်းဆီသွားသည်။

"ကုတ်အင်္ကျီယူထားလိုက် ...မင်းဝတ်တာအရမ်းပါးတယ်" ရှချန် ရှောင်ရှောင်း၏ ပါးကို ဆွဲညှစ်ရင်း "ထတော့ ကောင်စုတ်လေး ...တစ်ညလုံး တိရစ္ဆာန်ရုံသွားချင်တယ်လို့ဒုက္ခပေးပြီး အခုရောက်တော့ အိပ်‌နေတယ်"

Love you 59 seconds (Myanmar translation)Where stories live. Discover now