Ch 61

3.3K 666 42
                                    


ဝူဟန်ယင်းအစားအစာကို ‌ငုံ့စားနေလျက် သူ့ကို မရီး မရီးခေါ်နေကြတာကို နားထောင်ရမှာ အလွန်ပျင်းသည့်အလား ခေါင်းတစ်ချက်မှ မမော့ပေ။

သူ့ဘေးမှ ရှောင်ရှောင်းသည် ပျော်ရွှင်စွာ စားသောက်နေလေတယ် ... တနည်းပြောရရင် အားရကျေနပ်စွာ စားစရာကိုဖျက်ဆီးနေတယ်လို့ပဲ ဆိုရမလား ... ထိုအစားအစာတွက်တော့ ဝူဟန်ယင်းစိတ်မကောင်းမိပေ။

"အစ်ကို ... သူ့ကိုဘယ်တော့အိမ်ခေါ်လာဖို့ ရည်ရွယ်ထားလဲ?" ရှချန်နှင့် ဝူဟန်ယင်းကို ရှောင်ယန်ကြည့်သည်။
"ဘာပဲဖြစ်ဖြစ် ... အခုမင်း ချီအုပ်စုကိုရယူလိုက်တာပဲ။ လူအိုကြီးက မင်းကို မတိုက်တွန်းလောက်ပါဘူး"

"နေဦး" ရှချန်ပြုံးလိုက်ပြီး .."ဒီနှစ်သစ်ကိုယ့်အိမ်သွားရင် ဘယ်လိုလဲ?" ထိုစကားက သိသိသာသာ ဝူဟန်ယင်းကိုတိုက်ရိုက်မေးလိုက်တာ ဖြစ်တယ်။

တူတစ်စုံဖြင့် ဂျင်းဆင်းပိုင်းကိုညှပ်ယူသော်လည်း ချော်ချော်ကျနေတော့ သူ့လျှာနဲ့သာ လှိမ့်သွင်းလိုက်သည်။ ထို့နောက် ချက်ချင်းတိုက်ရိုက် မြိုချလိုက်ပေမယ့် မေးခွန်းကြောင့် သူ့လည်မျိုမှာ တစ်သွားသည်။

"ရက်၃၀ဝန်းကျင်လောက် ကျွန် ... ကျွန်တော်အိမ်မှာရှိဖို့လိုတယ်"

"နွေဦးပွဲတော်မတိုင်ခင် ငါတို့နှစ်ပတ်အချိန်ရတယ်။ ‌လောင်ဒါ့ ဒီအားလပ်ချိန်ကို အသုံးချပြီး အိမ်ခေါ်သွားရင်ရော" ကျွင့်ကြွယ်လည်း ပျော်ရွှင်ဖွယ်ရာလို လိုက်ဝင်ပြောတယ်။

ဝူဟန်ယင်းမျက်ခုံးတွန့်သွားတယ် ... နောက် သူသည် ရှချန်လက်မောင်းကိုအမြန်ဆွဲလိုက်တယ်။ ဒါက စနောက်စရာကိစ္စမဟုတ်ဘူး ... သူတို့ ဒီကိစ္စတွက် အနည်းဆုံးသူ့ကို စိတ်ပြင်ဆင်ထားဖို့ အချိန်တော့ပေးသင့်တာပေါ့။ ဒီလို အခြေအနေနဲ့ ဘယ်လိုလုပ်ဒီတိုင်း 'မိဘနဲ့တွေ့ဆုံ' ရမလဲ?!

"မသွားဘူး! ခင်ဗျားပဲ အရင်ဆုံး ကျွန်တော်နဲ့ခရီးထွက်ကြမယ်ဆို!"

ဝူဟန်ယင်း စိုးရိမ်သလို စိတ်လှုပ်ရှားမိတယ် ... သူ့အသံကို ကြိုးစားပြီးနိမ့်ပြောပေမယ့် သူ့ပတ်ဝန်းကျင်က အကုန်လုံးရှင်းရှင်းလင်းလင်းကြားနိုင်တယ်။

Love you 59 seconds (Myanmar translation)Where stories live. Discover now