Ch 11: A family of Three

3.5K 810 30
                                    

Zawgyi

ဂျုံမုန့်ညက်လေး ထိုသို့ပြောအပြီး လက်မောင်းသေးသေးလေးတွေကို ဆန့်ထုတ်ပြီး မနီးမဝေးမှ သစ်ပင်အိုကြီးဆီ ပျော်ရွှင်စွာ ပြေးသွားရင်း အော်ပြောနေသေးသည်။

"မကောင်းဘူး...ချန်ချန်လေးကမကောင်းဘူး! သားကိုအနိုင်ကျင့်တယ် သူအနိုင်ကျင့်တယ်! အန်ကယ်လေး သားကိုချီ!"

ဂျုံမုန့်ညက်လေးကြောင့် သူတို့ကို လူတွေကဘာများဖြစ်လဲလို့ လှည့်ကြည့်လာကြသည်။ ဝူဟန်ယင်းကတော့ အသံတိတ် ရယ်ရလွန်းလို့သူ့ဗိုက်တောင် ပေါက်ထွက်မလားပဲ...သူ့နှုတ်ခမ်းထောင့်စွန်းကလည်း ရယ်မိမှာကိုထိန်းထားကာ အကြိမ်အနည်းငယ်မျှ အပေါ်ကိုတွန့်တက်သွား‌သေးသည်။

ဒါပေမဲ့ အရှေ့မှာရှိသော ပရော်ပဆာရှကြောင့် သူအကျယ်ကြီးမရယ်ရဲပေ...

သူတို့ဘေးမှ ဖြတ်လျှောက်သွားသော ကျောင်းသားကျောင်းသူတွေဆို ရှချန်ကို တရုတ်ရှေးဟောင်းစာပေဘာသာရပ်သင်ကြားသော ပရော်ပဆာမှန်းသိကြသည်။

သူတို့သည် ချန်ချန်လေးဆိုသောနာမည်ကိုကြားတော့ မျက်နှာထားတို့မှာလှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။

ရှချန် သူ့ပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကို မြင်လည်းမမြင်သလို ကြားလည်းမကြားပေ ... သူ့ရဲ့ မပြောင်းလဲသောမှင်သေသေမျက်နှာဖြင့် မျက်တောင်မခတ်ရပ်နေလေတယ် ...နောက်ဆုံးတော့ ဒီမုန့်ညက်လေး သူ့ကိုတွေ့ဖို့ရောက်လာတိုင်း ဘာကောင်းကျိုးမှ‌ မပေးတာကို တွေ့ပြီး ရှချန်မျက်မှောင်အနည်းငယ်ကြုံ့သွားသည်။

အပေါ်အင်္ကျီအဖြူရောင်ဝတ်ဆင်‌ထားသောလူငယ်လေးသည် ခါးကိုင်းကာ ဂျုံမုန့်ညက်လေးကို မချီလိုက်ပြီး ရှချန်လျှောက်လာနေတာကိုတွေ့ တော့ သူပြုံးကာပြောလိုက်သည်။

"အန်ကယ်လေးချီပေးမယ်...အန်ကယ်လေးတို့ သူ့ကိုမမြင်ယောင်ဆောင်လိုက်တာပေါ့"

"သူ့ကို ကားထဲမှာပဲပိတ်ထားလို့ပြောခဲ့တယ်မလား" သူ့ညီလေးက ဂျုံမုန့်ညက်လေးကိုချီထားတာကြည့်ရင်း ရှချန်နားထင်တွေကို သူ့လက်ချောင်းများနှင့် ထိပွတ်လိုက်သည်။ ရိုးရိုးသားသားပြောရရင် ဒီပြောင်ချော်ချော်နှစ်ကောင်ကို သူထိလို့မရပေ...

Love you 59 seconds (Myanmar translation)Where stories live. Discover now