[Zawgyi]
ဝူဟန်ယင်းနုံးချည့်စွာ speaker ကပြောဆိုဝေဖန်ချက်တာတွေကို ကြည့်လိုက်တော့ အခုထိ ဒါ့စွမ်းဆိုသူကအားအင်တက်ကြွစွာတစ်ဖက်သားကိုကျိန်ဆဲနေသည်ကို တွေ့လိုက်ရသည်။ ခဏကြာတော့ အချို့လူတွေက သည်းမခံနိုင်တော့ဘဲ Love You 59 seconds ဘက်ကဝိုင်းပြောပေးကြသည်။ နှစ်ဖက်စကားစစ်တိုက်ကြပြီး အငြင်းပွားနေသော်လည်း Love You 59 seconds ကဘာမှကိုပြန်မပြောသေးပေ ...
{Speaker}[ချမ်ချမ်ကျွင့်ဇူ]: ပေါင့်ကျု!!(အဖွဲ့ခေါင်းဆောင်)
{Speaker}[မော့ရှန်းရှီ]: သေစမ်း! ဘော့စ် ဘာလို့အဖွဲ့ခေါင်းဆောင်နေရာကျွန်တော့ကိုပေးရတာလဲ!! ဘော့စ် ဘယ်ရောက်နေတာလဲ ကျွန်တော်တို့ကိုအဲလိုမခြောက်နဲ့
{Speaker}[ဝေါဘန်းချွင့်ကျဲ]: ပေါင်ကျုထွက်ပြေးသွားပြီ?! =.=
{Speaker}[ချမ်ချမ်ကျွင့်ဇူ]: ဘော့စ်ရေ ဘယ်မှာလဲ?
{Speaker}[ယောင်းယွဲ့]: ဘော့စ်ကငါ့အသင်းမှာ ချက်စ်ကစားနေတယ်
{Speaker}[မော့ရှန်းရှီ]: သူ့ကိုကြိုးတုပ်ပြီး ငါ့ဆီယူလာပေး!
ဝူဟန်ယင်းငွေကြေးယူကာအသက်ဖြည့်ဆေးဝယ်ရန် မတ်တပ်ရပ်ပြီး ဒါလီမြို့ကိုခုန်လွှားသွားသည်။ ချောင်းရှန်းကမွန်းစတားတွေကို သတ်ဖို့ စိတ်မပါသေးတော့ [World] တစ်ခုလုံး၏ speakerကိုကြည့်လိုက်စဉ် ခုနလိုကျိန်ဆဲနေတာတွေလျော့သွားကာ အခုလူတော်တော်များများက ဘော့စ် ဘော့စ်နဲ့ မန္တန်ရွတ်မတတ်ခေါ်နေကြသည်။
သူဒီစာကြောင်းတွေဖတ်ပြီးသွားသော်လည်း သူသိလိုက်ရတာ သူတို့ဘာကိုပြောနေကြလဲဆိုတာ နားမလည်သေးပေ ... ဒီ့တော့ဝူဒေါင်လေးကိုရွေ့ကာ ဆုကျုံးဆီကို တယ်လီပို့လိုက်သည်။ နာရီလတ်တံတွင် ၁၀နာရီထိုးနေတာကိုကြည့်ပြီး ဝူဟန်ယင်းအခြားသူတွေနဲ့အသင်းဖွဲ့ကာ Tricyclicမြေအောင်စခန်းကိုရှင်းလင်းရန်တွေးလိုက်သည်။ အကယ်၍သူကံကောင်းခဲ့ရင် သူ deity scrollကိုရနိုင်လောက်သည်။
(T/N : deity scroll -အပြာရောင်စက္ကူအဆင်တန်ဆာလေးပါ စက္ကူလိပ်ဖြစ်ပြီး လက်နက်တွေ/gear/တွဲဖက်အသုံးအဆောင်တွေ levelမငြ့်လုပ်တဲ့အချိန်မှာ သုံးရတာပါ ... ကိုယ့်levelမြင့်သွားရင် ကိုယ်ပိုင်လက်နက်ပြုလုပ်တာက စတိုးကနေဝယ်တဲ့လက်နက်ထပ်ပိုပြီးအားကြီးပါတယ်)
![](https://img.wattpad.com/cover/227608488-288-k799.jpg)
YOU ARE READING
Love you 59 seconds (Myanmar translation)
RomanceOriginal Author- Yun Guo Shi Fei ⟨⟨云过是非⟩⟩ English translater - Midori & Neko ဝူဟန်ယင်းတစ်ယောက် မသိရသည်မှာဘာကြောင့်လူအုပ်ကြီးတစ်အုပ်သူ့နောက်လိုက်လာပြီး "မရီး" လို့ခေါ်တဲ့အကြောင်းရင်း? ရှချန်ဘယ်အချိန်တည်းကနည်းနည်းကြောင်တောင်တောင်နဲ့နာခံတတ်တဲ့ ဝူဒေါင...